ဝေးဝေးကနေ ရှောင်ကျဉ်သင့်သော လူ(၆)မျိုး
ဘဝခရီးကို ဖြတ်သန်းရာမှာ အနိမ့်အမြင့်အတက်အကျ မျိုးစုံ ရှိနိုင်သလို လူပေါင်းစုံကိုလဲ တွေ့မြင်နိုင်ပါတယ်။ တချို့က ကိုယ့်ဘဝကို တိုးတက်အောင်မြင်စေနိုင်ပြီး ပျော်ရွှင်မှုတွေပေးနိုင်သလို လူတချို့ကတော့ အမှတ်တရဆိုးတွေ အတွေ့အကြုံအဆိုးတွေကိုသာ ပေးနိုင်ပါတယ်။ ဒါကြောင့် ဘဝမှာ ပျော်ရွှင်ချင်တယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်က လူတွေအကြောင်းကို သိဖို့နဲ့ မိတ်ဆွေစစ် မိတ်ဆွေမှန်တွေကို ရွေးချယ်ပေါင်းသင်းတတ်ဖို့လိုပါတယ်။ အခုဖော်ပြမယ့် လူ(၆)မျိုးကတော့ ကိုယ့်ဘ၀ တိုးတက်ဖို့အတွက် ဝေးဝေးကရှောင်သင့်တဲ့ လူတွေဖြစ်ပါတယ်။
၁။ အဆိုးမြင်စိတ်များတဲ့သူတွေ
အမြဲတမ်းအဆိုးဖက်ကနေ တွေးတတ် မြင်တတ်သူတွေကိုတော့ ဝေးဝေးရှောင်သင့််ပါတယ်နော်။ သူတို့က မကောင်းတာတွေကို အမြဲတမ်းတဖွဖွ ပြောနေတတ်ပြီး ကိုယ့်ဘဝတိုးတက်ဖို့ အခွင့်အလမ်းတစ်ခုတစ်လေတောင် မပေးနိုင်ပါဘူး။ သူတို့အတွက်ကတော့ ဘာမဆို မဖြစ်နိုင်တာ အဆင်မပြေတာတွေချည်း ဖြစ်နေပါလိမ့်မယ်။ ဒီလိုလူတွေ အနားမှာရှိနေရင် ဘာကိုမှ စွမ်းဆောင်အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။
၂။ အတင်းပြောတတ်သူတွေ
ဒီလိုလူတွေက သူတို့နဲ့ ပတ်သတ်သမျှလူတိုင်းကို အလွတ်မပေးတတ်ကြပါဘူး။ ဒီနေ့မှာ အခြားတယောက်အကြောင်း ကိုယ့်ကိုလာပြောနေသလို နောက်တစ်နေ့မှာလဲ ကိုယ့်အကြောင်းကို တခြားသူတွေကို သွားပြောနိုင်ပါတယ်။ ဒါ့ကြောင့်အတင်းပြောတတ်သူတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့ရင် ဝေးဝေးကရှောင်သင့်ပါတယ်။
၃။ မောက်မာရိုင်းစိုင်းသူတွေ
လူတွေထဲမှာ နေရင်းထိုင်ရင်း သွေးနားထင်ရောက်ပြီး အသားလွတ်မောက်မာနေတတ်သူတွေ ရှိပါတယ်။ သူတို့က အခွင့်အရေးရတာနဲ့ ကိုယ့်ကို နှိမ့်ချ ဆက်ဆံဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး။ ဒီလို တဖက်သားကို နှိမ့်ချ ဆက်ဆံရတာကိုလဲ အကျေနပ်ကြီး ကျေနပ်နေကြပါသေးတယ်။ ဒီလိုလူတွေနဲ့ တွေ့လာတဲ့အခါ ကင်းရှင်းအောင်နေပြီး ကိုယ့်တန်ဖိုးကို တိုးတက်အောင် ကြိုးစားသင့်ပါတယ်။
၄။ အနိုင်ကျင့်တတ်သူတွေ
တဖက်သားကို အနိုင်ကျင့်မှ စားဝင်အိပ်ပျော်တဲ့သူတွေလဲ ခနခနတွေ့ဖူးကြမှာပါ။ သူတို့ကို ဘာမှပြန်မတုံ့ပြန်တဲ့သူတစ်ယောက်ကို အကြောင်းမဲ့အနိုင်ကျင့်တတ်သူတွေကို ဝေးဝေးရှောင်ပါ။
၅။ လူ့ဂွစာတွေ
ဒီလိုတွေကတော့ လောကကြီးမှာ ဘယ်သူနဲ့မှ အဆင်မပြေနိုင်သူတွေဖြစ်ပါတယ်။ အမြဲတမ်း အဆိုးမြင် ရန်လိုနေတတ်ပြီး တစ်ဖက်သားတွေ စိတ်ဒဏ်ရာမျိုးစုံ ပေးတတ်သူတွေပါ။ ဘာအကြောင်းမှ ရေရေရာရာ မရှိသည့်တိုင် အသာစီးရလို စိတ်ဖြင့် အတ္တဆန်ဆန်ပြောဆိုဆက်ဆံတတ်ကြသူတွေပါ။ ဒီလိုလူတွေကိုလဲ ဝေးဝေးမှ ရှောင်ကျဉ်သင့်ပါတယ်။
၆။ အမြဲတမ်းညည်းညူတတ်သူတွေ
ကိစ္စတစ်ခုခုပေါ်လာရင် အဆင်ပြေအောင် ဖြေရှင်းဖို့ မကြိုးစားပဲ အမြဲတမ်းညည်းညူတတ်သူတွေရှိပါတယ်။ သူတို့အတွက် အရာအားလုံးဟာ ခက်ခဲ နေတတ်ပြီး သူတို့ထက် ကံဆိုးတဲ့သူ မရှိတော့သလို ပြောဆိုနေတတ်ပါတယ်။ ဒီလိုလူတွေကို တွေ့ကြုံလာရင်တော့ အတတ်နိုင်ဆုံး ကင်းရှင်းအောင်နေသင့်ပါတယ်။ ကိုယ့်မှာ ရှိနေတဲ့ အကြည်ဓာတ်တွေပါ ပျက်ပြယ်ပြီး သူတို့ရဲ့ ညည်းညူတတ်တဲ့ အကျင့်ကူးလာရုံကလွဲပြီး ဘာအကျိုးကျေးဇူးမှ မရှိသူတွေမို့ပါ။
ဘဝကိုဖြတ်သန်းရာမှာ အချိုးအကွေ့ပေါင်းစုံနဲ့ လူမျိုးစုံကို တွေ့ကြုံရဦးမှာပါ။ ဘယ်သူတွေက ပေါင်းသင့်တယ် ဘယ်သူ့တွေကိုတော့ ရှောင်ရှားသင့်တယ်ဆိုတာကိုတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်အသိတရားနဲ့ယှဉ်ပြီး ဆုံးဖြတ်ရမှာပါ။ မကောင်းသောလူ မကောင်းတဲ့ ပတ်ဝန်းကျင်တွေနဲ့ဝေးပြီး တိုးတက်အောင်မြင်တဲ့ ဘဝတွေ တည်ဆောက်နိုင်ကြပါစေ။
Crd Source
#Chelmo_ChelmoTeam_Knowledge