လူကောင်း ဆိုသည်မှာ …
ဟဲ့၊ ဘေးအိမ်က ဖြူလေးက တော်တယ်နော်။ အရွယ်ကောင်းတုန်းလက်ထပ်ပြီးတော့ ကလေးလည်းရနေပြီနော်။ ငါကတော့ဟယ် ….. ငါကတော့ အဲဒီလိုလူမျိုးနဲ့ဆိုရင် အစပ်မတည့်ပါဘူးကွယ်။
ဘာလို့လဲ၊ သူနဲ့ရန်များ ဖြစ်ဖူးလို့လား ???
ဘာရယ်လို့မဟုတ်ပါဘူးဟယ် … ငါက အပျိုကြီးပဲလုပ်တော့မယ်လို့ ပြောတော့ … သူက “ကောင်းတာပေါ့၊ သူများတွေ ဘာပဲပြောပြော ဂရုမစိုက်နဲ့လို့” ပြန်ပြောတယ်။ သူ့စိတ်ထဲမှာ ဘာမှ ခံစားချက်မရှိသလို ပြန်ပြောတော့လေ … ငါစိတ်ထဲမှာ တမျိုးကြီးခံစားရတယ်။
ဟုတ်လား၊ သူပြောတာ့ မှန်တာပဲ၊ စိတ်ကောင်းရှိပါတယ်။
ဟုတ်တယ်နော်။ ငါလည်း သူ့ကို စိတ်ကောင်းရှိတယ်လို့ ထင်သား။
—- ဘာမှမဟုတ်တဲ့ စကားပြောလေးမှာ … လူတော်တော်များများက အဓိပ္ပာယ်ဖွင့်တဲ့ “လူကောင်း” ဆိုသည်မှာ၊ “ကိုယ့်အတွက် အဆင်ပြေမယ့်စကားလုံးလေးတွေနဲ့ နှစ်သိမ့်ပေးနေသူ” ပါ။ —-
ဟုတ်တယ် မဟုတ်လား ….
#Chelmo #ChelmoTeam