ဝိတ်ကျစေမယ့် ရေကူးနည်း အမျိုးအစားများ
ပင်ပန်းရင် ရေသွားကူးပါ။ အရမ်း ပင်ပန်းလာရင် အားလုံးကို လွတ်ချပြီး ရေကူးကန်ကောင်းကောင်းလေးမှာ အနားယူလိုက်ရတာက တကယ့် feelပါ။ ဘေးက သောက်စရာလေး တစ်ခွက် နှစ်ခွက် ပါမယ် ဆိုရင်တော့ ဘယ်ပြောစရာ လိုမလဲနော်။ ဒါကြောင့် ရေကူးတာနဲ့ ပတ်သက်ပြီး ဗဟုသုတ တစ်ချို့ ကို ပရိသတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပါတယ်။
ရေကူးတာက စိတ်တင်းကျပ်မှုတွေ လျော့ကျစေရုံ မကပါဘူး ဝိတ်လည်းကျစေတယ်။ အမောလဲခံနိုင်ပါတယ်။ အသက်အရွယ်စုံအတွက် သင့်တော်တဲ့ ကျန်းမာရေးလှုပ်ရှားမှု တစ်ခုလည်း ဖြစ်ပါတယ်။တကယ်တော့ ရေကူးခြင်းက စိတ်ကို ကြည်လင်စေတဲ့ အပြင် အပန်းလဲပြေစေတယ်။ အကျိုးကျေးဇူးကောင်းတွေ ကတော့ အများကြီးပါပဲ။ ရေကူးခြင်း အမျိုးအစားတွေကတော့ အများကြီးရှိပါတယ်။
ဒီအထဲကမှ ကျန်းမာရေးလှုပ်ရှားမှု အနေနဲ့ weight လည်း ကျစေမယ့် swimming အမျိုးအစားတွေ ကတော့
Breaststroke ကူးခြင်း
ဘော်ဒီတစ်ခုလုံးကို ရှေ့နောက်ဆန့်ထုတ်ပြီး ကူးရတဲ့ ရေကူးအမျိုးအစားပါ။ အကြောတွေကို ဆန့်ထုတ်အသုံးပြုရတာ ဖြစ်တဲ့ အတွက် chest muscle တွေ သန်မာဖို့ အထောက်ပြုတဲ့ အပြင် အဆုတ်နဲ့ နှလုံးကို အားကောင်းစေပါတယ်။ မိနစ် (၃၀) လောက်ကူးမယ်ဆို ကယ်လိုရီ (၂၀၀) ဝန်းကျင်လောင်ကျွမ်းစေတယ်လို့ဆိုတယ်။
Backstroke ကူးခြင်း
ပက်လက် အနေအထားဖြင့် လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်ကာ ကူးခြင်းပါ။ Breaststroke ထက် ပိုပြီး ကယ်လိုရီလောင်းကျွမ်းပါတယ်။ မိနစ် (၃၀) ကူးမယ်ဆို ကယ်လိုရီ (၂၅၀) လောက်ကျွမ်းပါတယ်တဲ့။
Freestyle ကူးခြင်း
သူကတော့ stoke ကူးခြင်းအမျိုးအစားတွေထဲမှာ အမြန်ဆုံးပါ။လက်တစ်ဖက် တစ်ချက်စီ ရှေ့ကိုဆန့်ထုတ်ပြီး Bodyကို ဘယ်ညာယမ်းကာ ကူးခပ်ရတာပါ။ ကယ်လိုရီလောင်ကျွမ်းမှု ဒုတိယအဆင့်ရှိပြီး မိနစ် (၃၀) လောက် ကူးမယ်ဆိုရင် ကယ်လိုရီ (၃၀၀) လောင်ကျွမ်းပေးပါတယ်တဲ့။
Butterfly ကူးခြင်း
Butterfly ကတော့ ကယ်လိုရီ လောင်ကျွမ်းမှု အများဆုံး ရေကူးနည်း အမျိုးစားပါ။ ဒါပေမယ့် တစ်ခြား အမျိုးအစားတွေနဲ့ယှဉ်ရင် အခက်အခဲဆုံးဖြစ်တဲ့ အတွက် beginner တွေ အတွက်တော့ မသင့်တော်ပါဘူး။ မိနစ် (၃၀) ကူးမယ်ဆို ကယ်လိုရီ (၄၅၀) လောက် လောင်ကျွမ်းပါတယ်တဲ့။
အခုဆိုရင် ဝိတ်ကျချင်တဲ့သူတွေ၊ ဝိတ်ကျချင်ပေမယ့် Gym ကစားဖို့ ပျင်းတဲ့သူတွေ ဒါမှမဟုတ် ရေကူးတာ ဝါသနာပါတဲ့သူတွေ အတွက် ရေကူးခြင်းနဲ့ ဝိတ်ချလို့ရတဲ့ နည်းလမ်းတွေကို ပြောပြပေးသွားတာ ဖြစ်ပါတယ်။
#Chelmo #ChelmoTeam #ChelmoKnowledge