Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • About Us
  • Contact Us

logo

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

Lifestyle
Home›Lifestyle›အချစ်ရေး ပျက်စီးတော့မည့် လက္ခဏာ (၉)ခု

အချစ်ရေး ပျက်စီးတော့မည့် လက္ခဏာ (၉)ခု

By Kyaw Hein
June 1, 2020
3883
0
Share:

ချစ်သူနှစ်ဦးကြားဆက်ဆံရေးတွေ အဆိုးရွားဆုံးအခြေအနေကို မရောက်ခင်မှာ အခြေအနေမကောင်းတဲ့ လက္ခဏာတွေရှိတတ်ပါတယ်။ ဒီလိုလက္ခဏာတွေကို တွေ့မြင်ခံစားလာရပြီဆိုရင် နှစ်ဦးကြားက အချစ်ရေးကို အချိန်မှီးပြန်လည်ပြုပြင်မလား၊ ဒီအတိုင်းအဆုံးသတ်လိုက်မလားဆိုတာကို ရွေးချယ်ရမှာပါ။ ဒီတော့ အချစ်ရေး အခြေအနေမကောင်းတဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁။ အဆက်အသွယ် နည်းလာမယ်

ချစ်သူနှစ်ဦးကြားမှာ ဆက်ဆံရေးပျက်စီးတော့မယ်ဆိုရင် ပထမဆုံးမြင်တွေ့ရတဲ့လက္ခဏာက အဆက်အသွယ်တွေ ပြတ်လာတာပဲဖြစ်ပါတယ်။ တစ်ယောက်ယောက်က ဒီဆက်ဆံရေးကို စိတ်ပျက်အဆုံးသတ်ချင်နေပြီဆိုရင် ပထမဆုံး လုပ်တာက အဆက်အသွယ်မလုပ်တော့တာပါပဲ။ စိတ်ခံစားမှုပိုင်းကို ပြင်ဆင်နေတာဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေကို အချိန်မှီမပြင်ဆင်ပဲ စသွားနေမယ်ဆိုရင် နားလည်မှုလွဲတာနဲ့ ရန်ဖြစ်စကားများတာတွေကို ကြုံရနိုင်ပါတယ်။

၂။ အမူအယာတွေ ပျက်လာမယ်

သင့်ကောင်လေးမှာ ပုံမှန်မဟုတ်တဲ့ အပြုအမူပြောင်းလဲမှုတွေ၊ အမူအယာပျက်တာတွေ တွေ့နေရပါသလား။ ပုံမှန်လုပ်ရိုးလုပ်စဉ်မဟုတ်တာတွေ လုပ်နေပြီး မေးလိုက်ရင်လည်း အကြောက်အကန်တွေ ပြန်ရန်တွေ့နေပသါလား။ ဒါဆိုရင်တော့ အခြေအနေမကောင်းပါဘူး။ သေချာ မျက်နှာချင်းဆိုင်ဆွေးနွေးအဖြေရှာဖို့ လိုပါတယ်။

၃။ ပုံမှန်မဟုတ်တဲ့ တစ်ယောက်ထဲလုပ်ရှားမှုတွေ

အချစ်ရေးအဆင်ပြေတဲ့ ချစ်သူစုံတွဲတွေက ကျောချင်းဆက်အမွှာတွေလိုပါပဲ။ အမြဲတမ်း နှစ်ယောက်တပူးပူးတတွဲတွဲ တွေ့ရတတ်ပါတယ်။ အချစ်ရေးမှာ အဆင်မပြေတဲ့လက္ခဏာတစ်ခုက သင့်ကောင်မလေးက သင်မပါတဲ့တစ်ယောက်ထဲ လှုပ်ရှားမှုတွေကို ပိုလုပ်နေတာပဲဖြစ်ပါတယ်။ ရုတ်တရက်ကြီး အလုပ်ပြန်ချိန်တွေနောက်ကျလာတာ၊ မတွေ့တာကြာတဲ့ သူငယ်ချင်းတွေနဲ့ သွားတွေ့တာ၊ နေရာအသစ်တွေကို တစ်ယောက်ထဲသွားတာ စတာတွေအားလုံး အကျုံးဝင်ပါတယ်။

၄။ ရှေ့ရေးတိုင်ပင်ဆွေးနွေးဖို့ ရှောင်နေမယ်

သင့်အနေနဲ့ အတူတူသွားချင်တဲ့ ခရီးတွေ၊ အတူတူလုပ်ချင်တဲ့ကိစ္စတွေ၊ အိမ်ဝယ်ဖို့၊ မင်္ဂလာဆောင်ဖို့ စသဖြင့် ရှေ့ရေးတွေ ပြောချင်နေပေမယ့် သင့်ကောင်လေးက စိတ်မဝင်စားသလို စကားလမ်းကြောင်းလွှဲနေမယ်ဆိုရင် သူအတွက် သင့်နဲ့ပတ်သက်တဲ့ ရှေ့ရေးမရေရာလို့ပါပဲ။ သင်နဲ့အတူရှေ့ဆက်ဖို့ထက် ပိုလေးနက်တဲ့အကြောင်းအရာတွေ ရှိနေလို့လည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူမရှေ့ရေးမှာ သင်က အရေးမပါတာတော့ သေချာပါတယ်။

၅။ ဆက်သွယ်ရခက်လာမယ်

ချစ်စခင်စမှာတော့ သင့်ကောင်လေးဆီကို ဆက်သွယ်ရတာ လွယ်ပါလိမ့်မယ်။ ဖုန်းဆက်လိုက်ရင် အမြဲတမ်းကိုင်သလို၊ စာပို့လိုက်ရင်လည်း ချက်ချင်းပြန်ပါလိမ့်မယ်။ တစ်ခုခုလိုအပ်ရင် အဆင်သင့်ရှိနေမှာပါ။ အခု ဖုန်းခေါ်ရင်လည်း ကိုင်ချင်မှ ကိုင်သလို ပြန်ခေါ်ချင်မှလည်း ခေါ်တယ်။ စာပို့ရင်လည်း အရင်လို ချက်ချင်းမပြန်တော့သလို တွေ့ဖို့ချိန်းရင်လည်း အကြောင်းအမျိုးမျိုးနဲ့ ရှောင်နေမယ်ဆိုရင် အခြေအနေမကောင်းတော့တဲ့လက္ခဏာပါပဲ။

၆။ လျို့ဝှက်ဖုန်းခေါ်တာ စာပို့တာ

သင့်ကောင်လေးက ရုတ်တရက်ကြီး သူရဲ့ဖုန်းကို လျို့ဝှက်လာသလို၊ ဖုန်းခေါ်ဆိုမှုနဲ့ စာတွေကိုလည်း သင်မမြင်အောင် ကွယ်ဝှက်နေတာက အကြီးကြီးသတိထားစရာအခြေအနေတစ်ခုပါပဲ။ ဖုန်းလာတဲ့အခါမှာ သင်မကြားနိုင်တဲ့နေရာကို သွားပြောတာ၊ သင်နဲ့စကားပြောဖို့ထက် ဖုန်းကနေ စာပို့တာကို ပိုအာရုံစိုက်နေတာတွေ ဖြစ်နေပြီဆိုရင် အကျေအလည်ဆွေးနွေးဖို့ အချိန်ပါပဲ။

၇။ တစ်ယောက်ထဲ ဆုံးဖြတ်ချက်တွေ ချတယ်

အဆင်ပြေပျော်ရွှင်တဲ့ ချစ်သူစုံတွဲတိုင်းဟာ ဘယ်ကိစ္စမဆိုပြောဆိုတိုင်ပင်လေ့ရှိပါတယ်။ သင့်ကောင်လေးက သင့်ကို ဘာတစ်ခွန်းမှ မပြောပဲ သူမလုပ်ချင်ရာလုပ်ပြီးမှ သင့်ကို အသိပေးမယ်ဆိုရင် သင်မရှိလည်းဖြစ်တယ်ဆိုတဲ့ သဘောပါပဲ။

၈။ သူငယ်ချင်းအသစ်တွေ ရှိလာမယ်

များသောအားဖြင့် ချစ်သူစုံတွဲမှာ နှစ်ယောက်စလုံးက သိတဲ့ အသိမိတ်ဆွေတွေ ရှိတတ်ကြပါတယ်။ တစ်ယောက်ချင်းစီရဲ့ သူငယ်ချင်းတွေကိုလည်း အပြန်အလှန်သိကြပါတယ်။ သင့်ကောင်လေးက သင်သိပြီးသား သူငယ်ချင်းတွေနဲ့မဟုတ်ပဲ အခြားသူငယ်ချင်းအသစ်တွေနဲ့ ပိုပြီးအချိန်ကုန်နေမယ်ဆိုရင် သင့်အတွက် အချိန်မပေးချင်တော့တဲ့ လက္ခဏာပါပဲ။ ဒီအချက်ကလည်း သင်တို့နှစ်ဦးက အချစ်တွေ လျော့လာတယ်ဆိုတာ ဖော်ပြနေပါတယ်။

၉။ မျက်လုံးချင်းဆုံအောင်ကြည့်ဖို့ ရှောင်လာတယ်

ချစ်သူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် နှစ်လိုဖွယ်ရာမျက်လုံးအကြည့်တွေ မရှိတော့ဘူးဆိုရင် ဆက်ဆံရေးပျက်ယွင်းတော့မယ့် လက္ခဏာပါပဲ။ သင်ကောင်လေးက ဒီလိုမကြည့်နိုင်တော့တာဟာ အပြစ်တစ်ခုခု ခံစားမိနေလို့သော်လည်းကောင်း၊ သင့်ကို မချစ်မနှစ်သက်တော့လို့သော်လည်းကောင်း၊ သင်နဲ့ပတ်သက်ပြီး ဘာစိတ်ကူးမှ မရှိလို့သော်လည်းကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင် သူအနေနဲ့ စိတ်ချင်းဝေးနေပြီဖြစ်သလို လူချင်းဝေးဖို့ကိုလည်း အဆင်သင့်ဖြစ်နေလောက်ပါပြီ။

Crd Source

#Chelmo #ChelmoTeam

Tags#Chelmo #ChelmoTeam
Previous Article

Lee Min Ho ရဲ့ရိုက်ကွင်းကို Pizza Truckပို့ပြီးအားပေးခဲ့တဲ့ Jung ...

Next Article

ဇွန်လထဲမှာထုတ်လွှင့်မယ့် ကိုရီးယား Drama (၄)ခု

Share:

Related articles More from author

  • ExclusiveHot

    GOT7 ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ Jay B ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ်များကိုကြေညာသွားခဲ့

    September 2, 2022
    By Zue Zue
  • Knowledge

    Kpop Idol တွေ ဂရုစိုက်ရမဲ့ စံနှုန်းတွေကို လစ်လျူရှုထားနိုင်တဲ့ Jessi

    May 11, 2022
    By Zue Zue
  • ExclusiveHot

    ၃ကြိမ်မြောက်ဆုကို Alcoho Free နဲ့အရယူခဲ့တဲ့ Twice

    June 27, 2021
    By Kyaw Hein
  • Knowledge

    BLACKPINK အဖွဲ့ရဲ့ ပထမဆုံး Full Album ဖြစ်တဲ့ “THE ALBUM” Teaser Poster ထွက်ရှိ

    September 23, 2020
    By Kyaw Hein
  • Exclusive

    “Barbie The Album” အတွက် ‘Barbie Dreams’ ဆိုတဲ့ Ost Song ထွက်လာပြီဖြစ်တဲ့ FIFTY FIFTY’s feat. Kaliii

    July 7, 2023
    By Kyaw Hein
  • Exclusive

    သြဂုတ်လမှာ ထွက်ရှိလာတော့မယ့် Nadech Kugimiya နဲ့ Kimmy Kimberley တို့ရဲ့ ဒရမ်မာအသစ် Doctor Detective

    July 17, 2023
    By Kyaw Hein

YOU MIGHT BE INTERESTED

  • Exclusive

    4th Generation Boy Group တွေထဲမှာမှ Spotify တွင် ကြည့်ရှုမှု သန်း 100 အမြန်ဆုံးရရှိခဲ့တဲ့ ENHYPEN ၏ ‘Bite Me’

  • ExclusiveHot

    PD Na Young Suk Challenges ဖြင့် “The Game Caterers 2” တွင် Starship’s actors နှင့် artists များစွာပါဝင်သွားမည်

  • Hot

    Hospital Playlist 2 မှာ Twice ရဲ့ ဇာတ်ဝင်ခန်းတေး

Timeline

  • February 20, 2024

    Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

  • February 2, 2024

    Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

  • January 15, 2024

    TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

  • January 5, 2024

    New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

  • December 29, 2023

    2024 မှာ ကြည့်ရမယ့် Park Shin Hye နဲ့ Park Hyun Sik တို့ရဲ့ ရုပ်ရှင်ကားအသစ် “Doctor Slump”

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

    By Kyaw Hein
    February 2, 2024
  • TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

    By Kyaw Hein
    January 15, 2024
  • New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

    By Kyaw Hein
    January 5, 2024
  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By Kyaw Hein
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By Kyaw Hein
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By Kyaw Hein
    October 21, 2019

Follow us

Reach us

  • No.23, Room No. 1_08, Sky suites, Yanshin Rd, Yankin Tsp, Yangon.
  • +95-9-9543 55430
  • [email protected]
Copyright © 2019-2022 Chelmo.tips. All rights reserved.