ရွှေရည်သွန်းလောင်းထားတဲ့ မံမီဘုန်းတော်ကြီး ရုပ်ကလာပ်တော်
မံမီရုပ်တု ဆိုတာ အီဂျစ်နိုင်ငံတွေမှာပဲ တွေ့ရတတ်တယ်လို့ လူအများ သိထားကြတာပါ။ အဲဒီ့ မံမီရုပ်အလောင်းတွေ ဆိုတာဟာ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ လုပ်ကြတာမို့ မထူးခြားလှဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် မံမီရုပ်အလောင်းတွေနဲ့ မတူဘဲ ကွဲပြားစွာပြုလုပ်ထားတာကို ဖူးမြော်ရမှာဖြစ်ပါတယ်။
ဘုန်းတော်ကြီးဟာ တရုတ်နိုင်ငံတောင်ပိုင်း Fujian ပြည်နယ်မှာ မွေးဖွားခဲ့သူဖြစ်ကာ၊ အသက်၁၃ နှစ်မှစကာ သာသနာဘောင်ထဲဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အမည်နာမခေါ်တွင်စေတာကတော့ Fu Hou လို့ အမည်ရပါတယ်။ ဘုန်းတော်ကြီးဟာ မေတ္တာတရားကြီးမားလွန်းတဲ့ ဆရာတော်ပီသစွာပဲ ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ ကျင့်ကြံအားထုတ်နေထိုင်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘုန်းတော်ကြီးကို ကြည်ညိုလေးစားတဲ့သူတွေဟာ အများအပြားရှိနေတာဖြစ်ပါတယ်။
ဆရာတော်ဟာ တရားဟောတဲ့အချိန်ကလွဲပြီး ကျန်တဲ့အချိန်တွေမှာဆိုရင် နှုတ်ဆိတ်နေတတ်ကာ တရားအားထုတ်လျက်ရှိတဲ့ ဆရာတော်ကြီးဟာ သက်တော် (၉၄) နှစ်မှာ ပျံလွန်တော်မူခဲ့ပါတယ်။
ဆရာတော်က သေမယ့်အချိန်ကို ကြိုသိနေတဲ့အတိုင်း ပျံလွန်တော်မူကာနီးမှာပဲ သူ့ရဲ့ တပည့်ဒါယကာ၊ ဒါယိကာမတွေကို သူ့ရဲ့ ရုပ်ကလာပ်တော်ကို သဂြိုဟ်ခြင်းမပြုဘဲ၊ ရိုးရာနည်းအတိုင်း ထိန်းသိမ်းထားနိုင်ဖို့ပြောခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် မံမီနည်းပညာကျွမ်းကျင်တဲ့ ပညာရှင်နှစ်ယောက်ဟာ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို တင်ပလ္လင်ခွေထိုင်တဲ့ပုံဖြင့် အိုးကြီးတစ်လုံးထဲမှာ ဆေးစိမ်ထားခဲ့ပါတယ်။ (၃) နှစ်ကျော်ကြာပြီးတဲ့နောက်မှာတော့ အိုးအဖုံးက ဟလာတာမို့ ရုပ်ကလပ်တော်ကို ဖွင့်ကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ခြောက်သွေ့နေပြီဖြစ်တဲ့ အရေပြားကို သန့်ရှင်းဆေးကြောမှုပြုကာ ရွှေရုပ်တု အဖြစ်ပြောင်းလဲခဲ့ကြပါတယ်။ ဆရာတော်ကြီးရဲ့ ရုပ်ကလပ်တော်ကို ပိတ်ပါးနဲ့ ပတ်ပြီးနောက် သစ်စေးထပ်သုတ်ကာ ရွှေရည်လောင်း၊ ရွှေပြားကပ်ခြင်းတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုရွှေရုပ်တုပြုလုပ်ကြတာဟာ တရုတ်နိုင်ငံမှာဆိုရင် အလွန်မြင့်မြတ်တယ်လို့ လူအများအသိအမှတ်ပြုခံရတဲ့ ပါရမီရှင်များကိုသာ ရွှေချပြီးရွှေရုပ်တုပြုလုပ်ကြတာပါ။
အခုလည်း အဲဒီရွှေချပြီး ရွှေရုပ်တုပြုလုပ်ကာ ကိုးကွယ်နေကြတဲ့ ဘုန်းတော်ကြီးရုပ်တုကို တရုတ်နိုင်ငံတောင်ပိုင်း Quanzhou မြိုမှာရှိတဲ့ Chongfu ဘုန်းကြီးကျောင်း ဘုရားခန်းထဲမှာ ကိုးကွယ်ထားကြပါတယ်။ ရွှေအစစ်နဲ့ ပြုလုပ် ကိုးကွယ်ထားတာမို့ ခိုးသူတို့ဘေးမှ ကင်းဝေးစေဖို့ရန်အတွက် ရုပ်တုထည့်ထားတဲ့ မှန်အိမ်ကိုတောင် အချက်ပေးခေါင်းလောင်းတွေ တပ်ဆင်ထားတယ်လို့လည်း သိရပါတယ်။
#Chelmo #ChelmoTeam #ChelmoKnowledge