ကလေးရဲ့အုပ်ထိန်းခွင့်နဲ့ပက်သက်ပြီး အမှုရင်ဆိုင်နေရတဲ့ Mike Angelo
Mike Angelo ကတော့ အားလုံးလည်းသိပြီးသားဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ အနုပညာကြယ်တစ်ပွင့်ပါ။ထိုင်းနိုင်ငံမှာသာမက တရုတ်နိုင်ငံမှာလည်း ကျော်ကြားသူတစ်ယောက်ပါ။
Mike ဟာ Single Father အဖြစ်နဲ့ရပ်တည်နေသူတစ်ယောက်ပါ။Mike ရဲ့သားလေးနံမည်ကတော့ Maxwell ပဲဖြစ်ပါတယ်။Maxwell ဟာ Mike နဲ့ မော်ဒယ်လ် Sarah တို့ရဲ့ရင်သွေးလေးဖြစ်ပါတယ်။Mike နဲ့ Sarah တို့ လမ်းခွဲပြီးချိန်မှ Sarah က သူ့မှာ Mike နဲ့ရတဲ့ရင်သွေးလေးရဲ့ကိုယ်ဝန်ကို လွယ်ထားရပြီလို့ ကြေငြာခဲ့တာပါ။အဲ့ဒီအချိန်က Mike ရဲ့အအောင်မြင်ဆုံအချိန်လည်းဖြစ်ခဲ့ပါတယ်။အောင်မြင်တဲ့မင်းသားတစ်ယောက်အနေနဲ့ Single Father အဖြစ်ရပ်တည်ဖို့ဆိုတာ အတော်ခက်ခဲတဲ့အရာတစ်ခုပါ။ဒီလိုခက်ခဲတဲ့ အရာကိုမှ Mike ဟာ သူ့ရဲ့အောင်မြင်မှုကိုမှ မထောက်ပဲ ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့လို့ ပရိတ်သတ်တွေကတောင် အံ့အားသင့်ခဲ့ရပါတယ်။Maxwell အတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။
Mike ဟာ ကလေးနဲ့ပက်သက်တဲ့ အသုံးစရိတ်မှန်သမျှအကုန်လုံးကို တစ်ယောက်တည်းတာဝန်ယူခဲ့သူပါ။ဒါပေမယ့် Sarah ဘက်ကတော့ Mike ကို ကလေးရဲ့ဖခင်အဖြစ် ကလေးအသက် ၇ နှစ်ရောက်မှ မွေးစာရင်းမှာထည့်သွင်းခဲ့ပါတယ်။ဒါ့အပြင် ယခုအချိန်မှာတော့ ကလေးအတွက်အသုံးစရိတ်တွေ အလွန်အကျွံများလာတာကြောင့် အနည်းငယ်လျှော့သုံးရန် Mike ကတောင်းဆိုခဲ့ပါတယ်။ဒါကို မိခင်ဖြစ်သူက မကျေနပ်တာကြောင့် ဖခင်နဲ့ ကလေးကိုတွေခွင့်မပေးခဲ့တာ အတော်ကြာခဲ့ပါပြီ။ဒါကြောင့် Mike ဟာ ကလေးနဲ့ပက်သက်ပြီး ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တရားရုံးမှာ လျှောက်တင်ခဲ့ပါတယ်။
Sarah ဘက်က ကလေးနဲ့ဆက်ပြီးပက်သက်ချင်ရင် လိုက်လျောရမယ့် အချက် ၆ ချက်ကို တရားရုံးကနေ တောင်းဆိုခဲ့ပါတယ်။
ထိုအချက်တွေကတော့
၁။ ကလေးရဲ့ ပညာသင်စရိတ်အားလုံးကို ကလေးဘွဲ့ရသည်အထိ ထောက်ပံ့ပေးရန်
၂။ ကလေးရဲ့ Driver နဲ့ ကလေးထိန်းအတွက်လစာကို Mike မှ အချိန်အကန့်အသတ်မရှိပေးရန်
၃။ ကလေးအတွက် လစဉ်ငွေကြေး 30000 THB နဲ့ 50000 THB ကြားပေးရန်
၄။ ကလေးအတွက် ဘန်ကောက်မှာ ကွန်ဒိုဝယ်ပေးရန်
၅။ ကလေးကို စီးပွားရေးအတွက် အသုံးမချရန်(Social Media မှာ ကလေးပုံနဲ့ ကြော်ငြာတွေမရိုက်ရ)။
၆။ ဖော်ပြပါအချက်တွေထဲက တခုခုကိုဖောက်ဖျက်ပါက မိခင်ဖြစ်သူရဲ့ လုပ်ပိုင်ခွင့်အရ Mike ကို ကလေးနဲ့အဆက်အသွယ်လုပ်ခြင်းကို တားဆီးပတ်ပင်မည်ဖြစ်သည်။
ယခုအချိန်မှာ Mike တစ်ယောက် သားစိတ်နဲ့အတော်လေးစိတ်သောကတွေရောက်ရရှာပါတယ်။Maxwell ကလည်း အဖေကိုအတော်ချစ်တဲ့ကလေးတစ်ယောက်ပါ။ကလေးကလည်း Mike ရဲ့ မိသားစုတစ်စုလုံးရဲ့ အသည်းလေးပါ။ဒါကြောင့်လည်း မိခင်ဖြစ်သူဘက်က အခွင့်အရေးတွေယူနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ် Mike တစ်ယောက် သားလေးနဲ့အမြန်ဆုံးပြန်တွေ့ရပါစေ။အခုခံစားနေရတဲ့ စိတ်သောကတွေကနေ အမြန်ဆုံးရုန်းထွက်နိုင်ပြီး ချစ်ရတဲ့သားလေးနဲ့ ပျော်ပျော်ရွှင်ရွှင်နေရပါစေလို့ ဆုတောင်းပေးပါတယ်။