ဒီနှစ်အတွင်းမှာပဲ ထိုင်းမင်းသားချော လေးယောက်နဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးခဲ့ရတဲ့ မင်းသမီးချောလေး Baifern Pimchanok
ထိုင်းမင်းသမီးချောလေး Baifern Pimchanok ဟာ ဒီနှစ်ထဲမှာ ဇာတ်လမ်းတွဲများစွာ လက်ခံရိုက်ကူးခဲ့ရသူဖြစ်ပါတယ်။ရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲတွေကလည်း ထိပ်တန်းထိုင်းမင်းသားချောတွေနဲ့ပဲဖြစ်ပါတယ်။
Baifern Pimchanok ဟာ၂၀၁၀ တုန်းက အရမ်းအောင်မြင်ခဲ့တဲ့ A Little Thing Called Love မှာ အတူသရုပ်ဆောင်ခဲ့တဲ့ Mario Maure နဲ့ ဒီနှစ်မှာ ပြန်လည်တွေ့ဆုံခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Laser Candy ရုပ်ရှင်ဇာတ်ကားမှာ အတူသရုပ်ဆောင်ခွင့် ရခဲ့ကြပါတယ်။
Baifern Pimchanok ဟာ‘Sroi Sabunga’ ဆိုတဲ့ ဒရမ်မာမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော Nine Naphat နဲ့ ဒီနှစ်မှာ ပြန်လည်တွေ့ဆုံရခဲ့ရပြီး ဒီဒရမ်မာကိုတော့ Maker J Gproduced က ထုတ်လုပ်တာဖြစ်ပါတယ်။
ဒါ့အပြင် Baifern Pimchanok ဟာ ‘Sanaeha Saree’ ရုပ်သံဒရမ်မာမှာ Sean Jindachot နဲ့ သရုပ်ခဲ့ရတာပဲ ဖြစ်ပါတယ်။
နောက်တပ်လည်း Baifern Pimchanok ဟာ ဒရမ်မာဇာတ်ကားသစ်ဖြစ်တဲ့ “46 Days”မှာလည်း မင်းသားချော Non Chanon နဲ့အတူ တွဲဖက်သရုပ်ဆောင်သွားမှာဖြစ်ပြီး မကြာခင်မှာ စတင်ရိုက်ကူးတော့မှာပါ။