TWICE အဖွဲ့ဝင် Jihyo နဲ့ Kang Daniel တို့လမ်းခွဲလိုက်ပြီဖြစ်ကြောင်း JYP အတည်ပြု
နိုဝင်ဘာ ၁၀ ရက်နေ့မှာတော့ Jihyo နဲ့ Kang Daniel တို့ဟာ လမ်းခွဲဖြတ်စဲလိုက်ကြပြီဖြစ်ကြောင်း ကိုရီးယားမီဒီယာတွေမှာဖော်ပြခဲ့ပါတယ်။ Dispatch ရဲ့ဖော်ပြချက်အရ သူတို့နှစ်ဦးဟာ များပြားလှတဲ့ အလုပ်အချိန်ဇယားတွေကြောင့် တစ်ယောက်နဲ့တစ်ယောက်အချိန်မပေးနိုင်လို့ လမ်းခွဲလိုက်ကြတာပါတဲ့။
အဲ့ဒီနောက်မှာတော့ TWICE အဖွဲ့ခေါင်းဆောင် Jihyo ရဲ့ အေဂျင်စီဖြစ်တဲ့ JYP Entertainment ဘက်ကလည်း “ သူတို့နှစ်ဦးဟာ လမ်းခွဲလိုက်ကြတယ်ဆိုတာအမှန်ပဲ” လို့အတည်ပြုခဲ့ပါတယ်။
Kang Daniel နဲ့ Jihyo တို့ဟာ၂၀၁၉ ခုနှစ်သြဂုတ်လမှာ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို လူသိရှင်ကြားချပြခဲ့ကြတာဖြစ်ပြီး ချစ်သူသက်တမ်း တစ်နှစ်ကျော်အကြာမှာ အခုလိုလမ်းခွဲလိုက်ကြတာပဲဖြစ်ပါတယ်။