GOT7’s Jackson နဲ့ BTS’s RM တို့ရဲ့ ချစ်စရာကောင်းတဲ့ Friendship
လက်ရှိ K-pop လောကမှာ အောင်မြင်မှုတွေ ကိုယ်စီပိုင်ဆိုင်ထားတဲ့ BTS နဲ့ GOT7 ကိုတော့ မသိတဲ့သူမရှိသလောက်ပါပဲနော်။RM ကတော့ BTS အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး Jackson ကတော့ GOT7 ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။RM နဲ့ Jackson တို့ဟာ trainee ဘဝတည်းက အရမ်းကိုရင်းနှီးကြတဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြတာပါ။အခြားသူငယ်ချင်းတစ်ယောက်ကနေမှတစ်ဆင့် သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုက စတင်ခဲ့တာပါ။“RM က စကားအများကြီး မပြောပေမယ့် သူကအမြဲတမ်းမှန်ကန်တဲ့ စကားတွေကိုပဲ ပြောလေ့ရှိပါတယ်။RM က personality အရမ်းကောင်းတဲ့သူတစ်ယောက်ပါ။” လို့ Jackson ကပြောဖူးပါတယ်။Jackson က တခါတလေ RM ကိုမုန့်အတူစားဖို့ ခေါ်လေ့ရှိပေမယ့် RM ကတော့ အလုပ်မအားသေးဘူးဆိုပြီး စနောက်ပြီးပြန်ပြောလေ့ရှိပါတယ်။သူတို့နှစ်ဦးရဲ့ ခင်မင်ရင်းနှီးမှုသက်တမ်းကလည်း ၇ နှစ်ကျော်လောက်ရှိခဲ့ပါပြီ။ဒါ့အပြင် အခြားအဖွဲ့ဝင်တွေနဲ့လည်း အရမ်းကိုရင်းနှီးကြပါတယ်။ဒီဗီဒီယိုလေးကတော့ MAMA 2015 ပွဲ အစမ်းလေ့ကျင့်ကြတုန်းကဖြစ်ပါတယ်။