Skirt Fashion ဝတ်ဆင်ပြီး ချစ်ဖို့ကောင်းနေတဲ့ Kpop Boy Cele များ
Fashion နဲ့ Music ,Drama တွေမှာနာမည်အကြီးဆုံး ဖြစ်တဲ့ ကိုရီးယားနိုင်ငံ မှာဆိုရင် မိန်းကလေး တွေ အနှစ်သက်ရဆုံး ဖက်ရှင် တင်မကဘဲ ယောက်ျားလေးအနုပညာရှင်များပါ စကတ် ဖက်ရှင်ကို စတိုင်ကျကျ ဝတ်ဆင်လာကြတာကို တွေ့ရပါတယ်
ဒီလို Boy Skirt Fashion ဝတ်ဆင်တဲ့ အနုပညာ ရှင်တွေရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်များကို တင်ဆက်ပေးလိုက်ပါတယ်ရှင်
1. Bigbang’s G-Dragon
G Dragon ဟာဆိုရင်တော့ Fashion လောကရဲ့ ဘုရင်တစ်ပါးလို့ ပြောလို့ရလောက်တဲ့ သူပါ ဒါကြောင့်မို့လည်း ဘယ်လို ဖက်ရှင်မျိုးပဲလာလာ ယုံကြည်မှုအပြည့်နဲ့ ပေါ့ပေါ့ပါးပါး ဝတ်ဆင်တတ်ပါတယ်
2. ATEEZ’s HongJoong
ATEEZ’s ရဲ့ ခေါင်းဆောင်တစ်ဉီးဖြစ်တဲ့ HongJoong ဟာဆိုရင်တော့ ဖက်ရှင်နဲ့ပတ်သတ်ရင် တွန့်ဆုတ်နေတတ်တဲ့သူမျိုးမဟုတ်ဘဲ အမြဲအသစ်သစ်တွေ နဲ့ ဝတ်ဆင်တတ်တဲ့သူပါ သူဟာသူ့ရဲ့ stylist ကိုတောင် စကတ်ဖက်ရှင်တွေ သူကို ဖန်တီးပေးဖို့တောင်းဆိုထားပါတယ်တဲ့
စကတ် ဖက်ရှင်နဲ့ ကနေတဲ့အချိန်မှာ အားလုံးက သူ့ကို ချစ်စရာကောင်းတယ်ဆိုပြီးကြည့်နေတဲ့အကြည့်တွေကို သဘောကျနှစ်သက်လို့ပါတဲ့နော်
3. SHINee’s Key and Taemin
SHINee အဖွဲ့ထဲမှာတော့ Key နဲ့ Taemin ရဲ့ စကတ်ဖက်ရှင်ကို အမိုက်စားမြင်တွေ့ရမှာပါ
သူတို့ရဲ့ အဝတ်ဗီရိုထဲမှာတောင် စကတ်ဖက်ရှင်တွေ များစွာရှိနေကြောင်းကို
သိစေလောက်တဲ့အထိ Performance တွေနဲ့ Photo Shoot တွေမှာစကတ်ဖက်ရှင်နဲ့တွေ့ရမှာပါ
4. TXT
TXT က ေတာ့ တစ်ဖွဲ့လုံး ဆင်တူ စကတ်ဖက်ရှင် ဝတ်ပြီး 2020 Golden Disc awards ပွဲကို တတ်ရောက်လာခဲ့တဲ့ ပုံရိပ်လေးပဲဖြစ်ပါတယ်
Can’t you see me သီချင်းရဲ့ Performance ထဲ က Soobin ရဲ့ mini skirt ဖက်ရှင်ကိုလည်း သဘောကျနှစ်သက်သူများရှိနေခဲ့ပါတယ်
5. EXO’s Sehun & Kai
Exo အဖွဲ့ရဲ့ အငယ်ဆုံး အဖွဲ့ဝင်နှစ်ဉီးဖြစ်တဲ့ Sehun နဲ့ Kai တို့ဟာဆိုရင် ဖက်ရှင်မှာ မယုံနိုင်စရာကောင်းလောက်အောင် အောင်မြင်မှုတစ်ခုရနေသူပါ Dazed, Esquire, and L’Officiel Hommes ကဲ့သို့သော မဂ္ဂဇင်းတွေမှာဆိုရင် Sehun နဲ့ Kai တို့ရဲ့ စကတ်ဖက်ရှင်နဲ့ ပုံရိပ်တွေကို မြင်တွေ့ရမှာပါ
6. BTS
ကောင်မလေးတွေရဲ့ အချစ်တော် BTS အဖွဲ့ဝင်တွေဟာလည်း စကတ်ဖက်ရှင်ကို Performance Fashion အရ Photo Shoot အရတင်မဟုတ်ဘဲ ထသွားထလာ ပေါ့ပေါ့ပါးပါး ဖက်ရှင်အဖြစ်နဲ့ နှစ်သက်စွာ ဝတ်ဆင်တဲ့သူပါ
7. A.C.E
A.C.E အဖွဲ့ဟာဆိုရင်တော့ Kpop လောကတင်မဟုတ်ဘဲ မိတ်ကပ်ပိုင်းဆိုင်ရာနဲ့ လက်သည်းပြုပြင်တဲ့နေရာမှာ အရမ်းကို ကျွမ်းကျင်ပိုင်နိုင်တဲ့ အဖွဲ့ပဲဖြစ်ပါတယ် ဒါတင်မကသေးပါဘူး စကတ်ဖက်ရှင်မှာလည်း အရမ်းကို စမတ်ကျအောင် ဝတ်တတ်တဲ့ ကောင်လေးတွေပါ
8. GOT7
နောက်ထပ် အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ GOT7 ဟာလည်း စကတ် ဖက်ရှင်နဲ့ ပတ်သတ်ရင် အကောင်းဆုံးသော သရုပ်ပြနိုင်တဲ့ အဖွဲ့ပါ သူတို့ရဲ့ အမိုက်စားဖက်ရှင်လေးတွေကို လည်း အောက်ကပုံမှာ မြင်တွေ့နိုင်ပါတယ်နော်