ကြည့်ရှူသူသန်းပေါင်း ရာကျော်သွားခဲ့တဲ့ Rose’ ရဲ့ “Gone” MV
Blackpink အဖွဲ့ဝင် Rose’ ဟာဆိုရင်တော့ သူမရဲ့ ပြိုင်ဘက်ကင်းတဲ့ အသံနဲ့ မိန်းကလေးဆန်တဲ့ အလှတရားတို့ကြောင့် ပရိသတ်တွေကြား ရေပန်းစားနေရတဲ့ K POP မိန်းကလေးအဆိုတော်တစ်ဉီးပါ။
သူမရဲ့ “Gone” MV ဟာဆိုရင်တော့ ပြီးခဲ့တဲ့ April လ ၁၅ ရက်နေ့မှာ Youtube ပေါ်တင်ဆက်ခဲ့ပြီး ယခု ၃လနီးပါးကြားခဲ့တဲ့အချိန်မှာတော့ ကြည့်ရှူသူပေါင်း သန်းရာကျော်ခဲ့ပါတယ်။ အခုလို ကြည့်ရှူသူ စံနှုန်းကို ကျော်လွန်ခဲ့တာဟာ ဒုတိယမြောက် MV ပါ။
ပထမ MV တစ်ပုဒ်ဖြစ်တဲ့ “On the Ground” မှာလည်း ကြည့်ရှူသူပေါင်း သန်းရာကျော်ရခဲ့ပါတယ် သူမရဲ့ချစ်စရာကောင်းတဲ့အသံအေးအေးလေးနဲ့ သီဆိုထားတဲ့ “Gone” သီချင်းကို လည်း ပရိသတ်တွေ သဘောကျနှစ်သက် လိမ့်မယ်လို့ ထင်ပါတယ်နော်။