Happiness is Yellow ChiChuuuuuu 💛✨
အပြုံးနဲ့လူသတ်လို့ရတယ်ဆိုတာကို ChiChuu က ဒီနေ့ သက်သေပြသွားတာပါပဲ.. အဝါရောင် plaid dress ရိုးရိုးရှင်းရှင်းလေးနဲ့တောင် ကောင်မလေးရဲ့ Visual ကြီးက မောရှီးဆောနေချက်နော် 🥺.. ပွဲထဲရောက်လာကတည်းက ကလေးလေးတစ်ယောက်လိုမျိုး Madam Mathilde က လက်လေးဆွဲခေါ်လာပေးတာ.. အကြည့်တွေကအစ Soo ကို ဘယ်လောက်ဂရုစိုက်လဲဆိုတာ ပေါ်လွင်တဲ့အထိ.. ဘယ်လိုနေနေကို အချစ်ခံနေရတဲ့ကောင်မလေးက ဒီနှစ်ပွဲကိုလည်း ရိုးရိုးရှင်းရှင်း အဝါရောင် dress လေးနဲ့ လွှမ်းမိုးသွားခဲ့တာ.. ပွဲထဲရောက်လာတော့လည်း ပြုံးပြနေတဲ့ပုံစံလေးက အပြစ်ကင်းပြီး မြတ်နိုးချင်စရာအပြည့်.. ပွဲထဲရောက်လာတော့လည်း blinks တွေကိုနှုတ်ဆက်မလားဆိုပြီး Madam Mathilde က ခေါ်သွားပေးတော့ လူအုပ်ကြီးကိုမြင်ပြီး Why are there so many ဆိုပြီး ကလေးလေးလို အံ့သြနေသေးတာ.. ပြန်တော့လည်း fan တွေကို eye contact တွေပေး.. heart sign တွေ လုပ်ပြပြီး သေချာနှုတ်ဆက်သွားသေးတာ.. တကယ်ကို Kim ChiChuu တို့က ချစ်မဝလေးပါပဲ 😭.. Twitter မှာလည်း #JISOO×DiorAW22 က Worldwide trending #1 ကို ရောက်သွားခဲ့တာ.. ကောင်မလေးရဲ့ impact ကတော့ အံ့မခန်းပဲ 😎..