BTS’s RM ရဲ့ မျက်နှာသွင်ပြင်ကိုကြည့်ပြီး စိတ်နေစိတ်ထားကိုခန့်မှန်းခဲ့တဲ့ သြစတေးလျ လူမျိူး Alan Stevens
လူတစ်ယောက်ရဲ့ မျက်နှာသွင်ပြင်ဖွဲ့စည်းပုံ ကို ကြည့်ရင် စိတ်နေစိတ်ထားကို အလွယ်တကူ ခန့်မှန်းနိုင်တဲ့ လူတွေ ကမ္ဘာပေါ်မှာအများကြီးရှိကြပါတယ်
အဲ့ဒီ့ထဲက မှ သြစတေးလျ လူမျိူး တစ်ယောက်ဖြစ်တဲ့ Alan Stevens ဟာ…….BTS အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ RM ရဲ့ မျက်နှာသွင်ပြင်ကို ကြည့်ခြင်းအားဖြင့် RM ရဲ့မျက်နှာဟာ ကျဉ်းမြောင်းတဲ့အမျိုးအစားဖြစ်တာကြောင့် အရာရာကိုသတိရှိပြီး စဉ်းစားဆုံးဖြတ်နိုင်ချေရှိပါတယ်
မျက်ခုံးမွှေးအနေအထားအရဆိုရင်တော့ RM ဟာ မျက်ခုံးနဲ့မျက်လုံးထိပ်ကြားအကွာအဝေးနီးပြီး တန်းနေတာကြောင့် extrovert ဖြစ်တယ်လို့လည်း ခန့်မှန်းခဲ့ပါတယ်
မျက်ရစ်မရှိဘဲ အနည်းငယ်ကျယ်ဝန်းခြင်းကြောင့် RMဟာ ခွဲ ခြားစိတ်ဖြာနိုင်စွမ်းရှိသူတစ်ဦးဖြစ်ပြီး ပြတ်သားတတ်တယ်လို့လည်းဆိုပါတယ်
ပါးလွှာသောနှုတ်ခမ်းရှိသူတွေက အရာရာကိုဆိတ်ငြိမ်သက်စွာနဲ့ကျစ်ကျစ်လစ်လစ်ပြုလုပ်ပြီး အပေါ်နှုတ်ခမ်းပြည့်တဲ့သူတွေကတော့ အပြောအဆို ဖော်ရွှေပြီး ရက်ရောတတ်တဲ့သူတွေလို့ ဆိုပါတယ်
RM ရဲ့နှုတ်ခမ်းလေးတွေကတော့ သူမတူအောင် ပြည့်ပြည့်လေးနဲ့ ဆွဲဆောင်မှုရှိတယ်နော်
နောက်ပြီး မျက်လုံးအရောင်ရင့်ပြီး ပုံမှန်သူတွေထက်ပိုမို တောက်ပမဲနက်နေတာကြောင့်လည်း ဆွဲဆောင်မှုရှိပြီး သူတစ်ပါးကိုညှို့ယူနိုင်တဲ့ နေရာမှာ RM က ဆရာတစ်ဆူဖြစ်နေပြန်ပါသေးတယ်
ချစ်တို့ရော….RM ရဲ့ မျက်နှာသွင်ပြင်အရ RM ရဲ့စိတ်နေစိတ်ထား က Stevens ပြောတာနဲ့ တစ်ထပ်တည်းကျလောက်မယ်လို့ ယုံကြည်ပါသလား