record တွေကတော့ တစ်ခုပြီးတစ်ခုပဲနော်
မတ်လ ၇ ရက်နေ့က စတင်ထုတ်လွှင့်ခဲ့တဲ့ A Business Proposal ကတော့ အခုဆို ၃ ပိုင်းထုတ်လွှင့်ပြီးသွားပြီဖြစ်ပြီး ကြည့်ရှုသူ 8.1% နဲ့ တစ်နိုင်ငံလုံးအတိုင်းတာ record ဝင်ထားတာပါ။ အရင်နှစ်ပိုင်းထုတ်လွှင့်မှုမှာ ကြည့်ရှုနှုန်းက 6.5% ရှိခဲ့တာဖြစ်ပြီး အပိုင်း ၃ ထုတ်လွှင့်မှုအပြီးမှာတော့ 1.6% ထပ်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ CEO Kang Tae Moo နဲ့ သူ့ရဲ့ဝန်ထမ်းမလေး Shin Ha Ri တို့နှစ်ဦးကြားက ရင်ခုန်စိတ်လှုပ်ရှားစရာအချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ Ha Ri တစ်ယောက် သူမရဲ့သူငယ်ချင်းကိုယ်စား ကြင်ဖက်တွေ့ပေးရာက ကြင်ဖက်တွေ့ရမဲ့သူက သူမရဲ့သူဌေးဖြစ်နေတဲ့အခါ ဒီဇာတ်လမ်းလေး စတင်လာပါတော့တယ်။ Casts တွေကလည်း နာမည်ကြီးတွေဖြစ်တဲ့အပြင် ရုံးတွင်းအချစ်ဇာတ်လမ်းလေးတွေကြည့်ရတာကြိုက်တဲ့သူတွေအဖို့တော့ စောင်ကိုက်ပြီးကြည့်ရဦးမဲ့ အ ro တစ်လိုင်းဇာတ်လမ်းလေးပါပဲနော်။