Drama အသစ်မှာ အတူတူမြင်တွေ့ရမဲ့ Lee Min Ho နဲ့ Gong Hyo Jin
ဒီဇာတ်ကားမှာတော့ Lee Min Ho က အာကာသစခန်းကို သွားရောက်လည်ပတ်တဲ့ Tourist အဖြစ် သရုပ်ဆောင်သွားမှာဖြစ်ပြီး Gong Hyo Jin ကတော့ ကိုရီးယား-အမေရိကန် အာကာသယာဉ်မှုးအဖြစ် သရုပ်ဆောင်သွားမှာပါ။ ဒီဇာတ်လမ်းကိုရိုက်ကူးဖို့ ၅ နှစ်ခန့် အချိန်ယူခဲ့ရပြီး ရိုက်ကူးရေးကိုတော့ April လမှာစတင်မှာဖြစ်ပြီး 2023 မှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အာကာသစခန်းကို ဇာတ်အိမ်တည်ထားတဲ့အတွက် ကြည့်ရှုသူပရိတ်သတ်တွေအနေနဲ့လည်း ကြည့်နေကျရိုက်ကွက်တွေကနေ ကွဲထွက်နေတဲ့ရိုက်ချက်တွေကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးစားကလည်း romance ကိုမှ ဟာသနှောထားတာဖြစ်တဲ့အတွက် စိတ်ဝင်တစားစောင့်ကြည့်ရမဲ့ဇာတ်လမ်းကောင်းလေးတစ်ခု ဖြစ်လာမှာ အသေချာပါပဲ။