2nd Mini Album ဖြစ်တဲ့ Grey Suit နဲ့ iTune Chart ထိပ်ဆုံးရောက်ရှိခဲ့တဲ့ SUHO
Feb 13 ရက်နေ့မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးသွားခဲ့တဲ့ Exo’s Leader Suho ဟာ April 4 ရက်နေ့မှာ သီချင်း 6 ပုဒ်ပါဝင်တဲ့ Mini Album ထွက်ရှိခဲ့ပါတယ်။ ဒီ album မှာပါဝင်တဲ့ သီချင်း ၆ ပုဒ်ကတော့ title track ဖြစ်တဲ့ ‘Grey Suit’, ‘Morning Star’, ‘Hurdle’, ‘Decanting’, ‘Bear Hug’, နဲ့ ‘Moment’ တို့ပဲ ဖြစ်ပါတယ်။ ဒီသီချင်းတွေမှာ ခံစားချက်တွေက ဆက်စပ်နေလို့ သီချင်းတွေကို အစဉ်လိုက်နားထောင်ပေးဖို့လည်း JunMyeonnie က ပြောထားပါသေးတယ်။Album ထွက်ပြီးပြီးချင်းမှာပဲ နိုင်ငံပေါင်း ၃၃ နိုင်ငံရဲ့ ‘iTunes’ Top Album Chart’ မှာ နံပါတ်တစ်နေရာကို ရောက်ရှိခဲ့ပါတယ်။ အဲ့တာအပြင်ကို Hanteo Chart, Synnara Records နဲ့ အခြား Chart တွေမှာပါ ထိပ်ဆုံးမှာ ရှိနေခဲ့တာပါ။ Suho က ဒီ album မှာ ၂ နှစ်တာအတွေ့ကြုံတွေ ခံစားချက်တွေ ပါဝင်နေလို့ နားထောင်ပြီး ချစ်ပေးကြပါဦးလို့ Press Conference တစ်ခုမှာ ပြောသွားခဲ့ပါတယ်။ Album တစ်ခုလုံးက Suho ရဲ့ အသံချိုချိုလေးတွေနဲ့ နားထောင်လို့ကောင်းရုံတင်သာမက တစ်ပုဒ်ချင်းစီမှာ EXOL တွေအတွက် ခံစားချက်တွေထည့်ထားတာကြောင့် အဓိပ္ပာယ်အပြည့်နဲ့ album လေးတစ်ခုပါပဲ။ ၂ နှစ်ကြာမှ ပြန်လည်ထွက်ရှိလာတဲ့ ယုန်လုံးလေးရဲ့ album ကို အများကြီး ချစ်ပေးပြီး support ပေးကြပါဦးနော် ပရိတ်သတ်ကြီးရေ။