Louis Vuitton Event ကိုတတ်ရောက်အပြီး ညစာအတူစားခဲ့ကြတဲ့ GOT7’s BamBam နဲ့ Bright
ထိုင်းအနုပညာရှင် ၊ အဆိုတော် ၊ မော်ဒယ် စီစဉ်တင်ဆက်သူဖြစ်တဲ့ Bright ဟာဆိုရင်တော့ ပြီးခဲ့တဲ့ Louis Vuitton Fall Winter 2022 Men’s Spin-Off Show ကိုတတ်ရောက်အပြီးKpop ပရိတ်သတ်တွေ ရဲ့အချစ်တော် GOT7’s Bam Bam နဲ့အတူ ညစာစားခဲ့ကြကြောင်းသိရပါတယ် ၊ Bright ဟာဆိုရင်တော့ ထိုင်းဒရာမာ BL ( Boy Love)ဇာတ်လမ်းတွဲတွေနဲ့ လူသိများခဲ့တဲ့သူလည်းဖြစ်ပြီးမကြာသေးမှီက F4 Thailand ; Boys Over Flowers ရဲ့ အဓိက Male Lead အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ပြီးခဲ့တဲ့ညက Bam Bam ဟာ Louis Vuitton Fall Winter 2022 Men’s Spin-Off Show ပွဲမှာ သူ့ရဲ့အကောင်းဆုံး Performance တွေနဲ့ ပရိတ်သတ်တွေအံ့အားသင့်အောင်ဖျော်ဖြေတင်ဆက်ခဲ့ပြီးနောက်မှာတော့Louis Vuitton ရဲ့ Brand Ambassador ဖြစ်တဲ့ Bright နဲ့အတူ ညစာစားခဲ့ကြတဲ့ Video လေးကို GMM Agency Staff ကတင်ဆက်ပြီး ပရိသတ်တွေကို မျှ ဝေခဲ့ပါတယ်။ ဒါကပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး ပြီးခဲ့တဲ့ CP Sausage No.1 And Beyond The Ultimate Live ExperienceIn December 2021 မှာလည်း သူတို့နှစ်ယောက်က အတူတကွ ပွဲတတ်ခဲ့ဖူးကြပါတယ်…. Bam Bam က သူ့ရဲ့ Instagram မှာ Bright ကို ရိုသေတဲ့အသုံးအနှုန်းနဲ့ Phi (or) P လို့ ခေါ်ဝေါ်ညွှန်းရေး (အဲ့ဒီ့ အသုံးအနှုန်းကကိုယ့်ထက်အသက်ကြီးတဲ့သူကိုခေါ်တာ)ပေမဲ့ သူတို့နှစ်ယောက်လုံးက 1997 မှာမွေးဖွားခဲ့ကြတဲ့သက်တူရွယ်တူတွေဖြစ်ကြပါတယ် Bam Bam က Bright ကို အရမ်းလေးစားရတဲ့သူမို့လို့သာ ခေါ်လိုက်တာပါ ၊ Bright ကတော့ GMM Staff ရဲ့ Instagram က Story ကိုသူ့ရဲ့ Instagram Story မှာ ပရိတ်သတ်တွေမြင်အောင် ပြန်လည် Share ခဲ့ပါတယ် ၊ BamBam နဲ့ Bright တို့နှစ်ဉီးဟာ တစ်ဉီးကို တစ်ဉီး ချစ်ခင်လေးစားကြတဲ့ သူငယ်ချင်းကောင်းတွေဖြစ်ကြပြီး Social Media Platform တွေမှာလည်းအပြန်အလှန် Follow လုပ်ထားကြတယ်ဆိုတာကို ပရိသတ်တွေလည်း သတိထားမိကြမှာပါနော် ။အရမ်းကို ချစ်စရာကောင်းပြီး စိတ်ထားဖြူစင်သူလေးနှစ်ဉီးကို အခုလို အတူတူတွေ့ရတာ အလိုလိုနေရင်း စိတ်ကကြည်နူးမိပါတယ်ရှင်🥰