Bvlgari ရဲ့ New Collection မိတ်ဆက်ပွဲကို Ambassador အနေနဲ့ တက်ရောက်ခဲ့တဲ့ LISA
June 6 ရက်နေ့က ကျင်းပခဲ့တဲ့ Bvlgari ရဲ့ New Collection မိတ်ဆက်ပွဲကို Lisa က အဝါရောင်ဝတ်စုံလေးနဲ့ ပွဲတက်ခဲ့တာပါ။ ဒီပွဲကို Global Ambassador တွေဖြစ်တဲ့ Anne Hathaway Prinyanka Chopra တို့နဲ့အတူ တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ပရိတ်သတ်တွေနဲ့ Media အားလုံးရဲ့အာရုံစိုက်မှုတွေကို အဝါရောင် dress လေးနဲ့ သိမ်းပိုက်သွားတဲ့ LISA ကတော့ တော်ဝင်မင်းသမီးလေးလို လှရက်လွန်းနေခဲ့တာကို ပုံတွေထဲမှာ မြင်တွေ့နိုင်ပါတယ်နော်။ အပြုံးချိုချိုလေးနဲ့ တော်ဝင်မင်းသမီးလေးလိုလှပနေတဲ့ကောင်မလေးရဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးတို့လည်း ခံစားနိုင်အောင် မင်မင်က ဝေမျှပေးလိုက်ပါတယ်ရှင်။