ရင်သွေးလေးလွယ်ထားရပြီဖြစ်တဲ့ Son Ye Jin
မကြာသေးခင်ကမှ ရွှေလက်တွဲခဲ့ကြတဲ့စုံတွဲဖြစ်တဲ့ Son Ye Jin နဲ့ Hyun Bin တို့စုံတွဲကတော့ ရင်သွေးဦးလေးကို လွယ်ထားရပြီလို့ တရားဝင်ကြေငြာခဲ့ပါတယ်။ June 27 ရက်နေ့မှာ မတ်မတ် Son Ye Jin က သူမရဲ့ IG ကနေတစ်ဆင့် ရင်သွေးလေးလွယ်ထားရပြီဆိုတာကို ပရိတ်သတ်တွေကို အသိပေးခဲ့တာပါ။
စာထဲမှာရေးထားတာကတော့ ‘အားလုံးပဲ နေကောင်းကြတယ်မလား။ ငါကတော့ ကောင်းကောင်းမွန်မွန်ရှိနေပါတယ်။ ဒီနေ့တော့ ငါက သတင်းကောင်းလေးတစ်ခုကို ပြောပြချင်တာပါ။
ငါတို့ဘဝထဲကို နောက်ထပ်သက်ရှိလူသားလေး ရောက်လာပါပြီ။
အခုထက်ထိ ငါ မှင်သက်နေမိသေးပေမဲ့ စိုးရိမ်မှုတွေနဲ့ စိတ်လှုပ်ရှားမှုတွေကြားကနေ တဖြည်းဖြည်းပြောင်းလဲလာတဲ့ ခန္ဓာကိုယ်ရဲ့အပြောင်းလဲတွေကိုခံစားရင်း နေ့ရက်တွေကို ဖြတ်သန်းနေပါတယ်။ အရမ်းကိုကျေးဇူးတင်မိပြီး ငါက အရမ်းဂရုစိုက်နေရတဲ့အတွက် ဒီသတင်းကို ငါ့အနီးနားကလူတွေကိုပြောပြဖို့ မတတ်နိုင်ခဲ့ဘူး။ ဒီသတင်းကိုစောင့်နေကြတဲ့ ငါတို့ရဲ့ပရိတ်သတ်တွေအတွက်စဉ်းစားပြီး တတ်နိုင်သမျှစောစော ပြောပြဖို့ ဆုံးဖြတ်လိုက်တာပါ။
ငါတို့ဆီရောက်လာတဲ့အဖိုးတန်လူသားလေးကို ငါတို့တတ်နိုင်သမျှ အစွမ်းကုန်ကာကွယ်ပြီး ဂရုစိုက်သွားပါ့မယ်။ အားလုံးပဲ ကျန်းကျန်းမာမာရှိနေပြီး ဘဝမှာ ကိုယ်ကာကွယ်ပေးချင်တဲ့လူတွေကိုလည်း ကာကွယ်ပေးနိုင်ကြမယ်လို့ ငါက မျှော်လင့်ပါတယ်။
အားလုံးပဲ ပျော်ရွှင်ကြပါစေနော်။’ ဆိုပြီး စာလေးနဲ့အတူ ဒီဝမ်းသာစရာသတင်းကို ဝေမျှပေးခဲ့တာဖြစ်ပါတယ်။
မတ်လမှာလက်ထပ်ခဲ့ကြပြီး ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့သတင်းကိုငြင်းဆိုပြီးတစ်လအကြာမှာ ဒီဝမ်းသာစရာသတင်းကို မတ်မတ် Son Ye Jin ကိုယ်တိုင် ပရိတ်သတ်တွေကို ဝေမျှပေးခဲ့တာပါ။ ကောလဟာလတွေကြား အတည်ပြုလိုက်တာမဟုတ်ပဲ ပရိတ်သတ်တွေကို ကိုယ်တိုင်အသိပေးချင်တဲ့မတ်မတ်ကတော့ တကယ်ကို ချစ်စရာလေးပါပဲ။ မင်မင်ကတော့ ဒီစုံတွဲကို မိသားစုဘဝလေးနဲ့မြင်ချင်တဲ့သူတွေထဲကတစ်ယောက်မလို့ ဒီသတင်း confirm ဖြစ်သွားတာ တကယ်ပျော်မိပါတယ်။ ပရိတ်သတ်ကြီးတို့ရဲ့ ခံစားချက်လေးကရော ဘယ်လိုလဲဆိုတာ ဝေမျှပေးသွားကြပါဦးနော်။