နှစ်ပေါင်း ၃၀ အတွင်းအယ်လ်ဘမ်အရောင်းချရဆုံးနိုင်ငံတကာအနုပညာရှင်များစာရင်းတွင် အဆင့် ၃ နေရာရောက်ရှိလာခဲ့တဲ့ BTS
K-pop လောကမှာ BTS ရဲ့ ဩဇာသက်ရောက်မှုကိုလျှော့တွက်လို့တော့မရပါဘူးနော်။ သူတို့ရဲ့ အယ်လ်ဘမ်ရောင်းချရမှုဟာ သမိုင်းတစ်လျှောက်မှာ
တခြား K-pop အနုပညာရှင်များထက် ပိုမိုမြင့်မားလာပြီးနောက် နှစ်အနည်းငယ်အတွင်း သူတို့ရဲ့ အောင်မြင်ကျော်ကြားမှုများက အံ့မခန်းဖြစ်ခဲ့ရပါတယ်။
ယနေ့အချိန်ထိ ၎င်းတို့၏ အယ်လ်ရောင်းချမှုသည် သမိုင်းတစ်လျှောက်တွင် အခြား K-pop အနုပညာရှင်များထက် ပိုမိုမြင့်မားနေပါတယ်။ BTS အဖွဲ့သည်
ကိုရီးယားနိုင်ငံရဲ့ သမိုင်းတွင်ထင်ရှားရုံမျှမက ကမ္ဘာ့သမိုင်းမှာပါပြောစမှတ်တွင်လောက်သော အနုပညာရှင်များလဲဖြစ်ပါတယ်နော်။
BTSအဖွဲ့သည် အယ်လ်ဘမ်ပေါင်း သန်း ၁၀၀ ကျော်ရောင်းချခဲ့ရ၍ BTS သည် နှစ်ပေါင်း ၃၀ အတွင်း အယ်လ်ဘမ်ရောင်းချရမှုအများဆုံး
နိုင်ငံတကာအနုပညာရှင်များထဲတွင် တတိယအဆင့် သို့တက်လှမ်းလာနိုင်ခဲ့သည်။ ကမ္ဘာကျော် Hip-Hop အဆိုတော် Eminem က ထိပ်ဆုံးကရပ်တည်
လျက်ရှိပြီး အဆင့်နေရာမှာတော့ Pop အဆိုတော် Taylor Swift ရောက်ရှိနေပြီး BTS နောက် စတုတ္ထနေရာမှာတော့ အဆိုတော် Britney Spears
ရပ်တည်လျက်ရှိပါတယ်။
BTS ၏ အယ်လ်ဘမ်များကို ၂၀၁၃ ခုနှစ်စတင်ထုတ်ဝေရောင်းချခဲ့ပြီး ၂၀၁၇ အရောက်မှာတော့သူတို့အဖွဲ့ဟာ လူကြိုက်များလာခဲ့သောကြောင့် အယ်လ်ဘမ်များဟာ
ဗုံးပေါက်ကွဲသလိုရောင်းအားတက်ခဲ့ရပါတယ်။ စာရင်းဇယားများအရ BTS သည်တခြားနိုင်ငံတကာအနုပညာရှင်မျာထက်နောက်မှဝင်ရောက်လာသော်လည်း
Rihanna၊ Beyonce၊ Justin Bieber၊ Adele ကဲ့သို့နာမည်ကြီးအနုပညာရှင် နှင့် အခြားနိုင်ငံတကာအနုပညာရှင်များစွာကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
BTS အဖွဲ့အတွက်လဲအလွန်ဂုဏ်ယူဝမ်းမြောက်မိသလို အောင်မြင်မှုတွေလဲဆက်လက်သိမ်းပိုက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။