အဆိုတော်ဖြစ်ဖို့ Idol Traineee ဘဝနဲ့ စတင်ခဲ့ဖူးပေမဲ့ သရုပ်ဆောင်ပိုင်းဘက်မှာအောင်မြင်မှုပိုမိုရရှိခဲ့ကြတဲ့ K-Drama Star များ
ယခုအတောတွင်းထွက်ရှိတဲ့ K-Drama ဇာတ်လမ်းတွဲထဲက မင်းသားမင်းသမီးတွေကို ကြည့်ပြီးသူတို့ ဘာလို့သရုပ်ဆောင်အလုပ်ကို ရွေးချယ်ခဲ့ကြတာလဲဆိုတာပရိတ်သတ်တွေလည်း သိချင်မယ်လို့ ထင်မိပါတယ် ။ သရုပ်ဆောင်အလုပ်ကို မလုပ်ခင်က အဆိုတော်တစ်ယောက်ဖြစ်ဖို့ ခြေလှမ်းတွေစတင်ခဲ့ဖူးကြတဲ့ အနုပညာရှင်တွေကိုမင်မင်က ဒီကနေ့မှာ ဖော်ပြပေးလိုက်ပါတယ်ရှင်
1. Ahn Hyo Seob
Ahn Hyo Seob ဟာဆိုရင်တော့ JYP Entertainment မှာ သုံးနှစ်နီးပါး trainee လုပ်ကိုင်ခဲ့ပေမဲ့ သူ့အတွက်တကယ်လျှောက်လှမ်းရမဲ့လမ်းကြောင်းမဟုတ်ဘူးလို့တွေးမိပြီးသူရဲ့ယခုလက်ရှိကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်
2.Kim Ji Won
Kim Ji Won ဟာဆိုရင်တော့ သူမကိုးတန်းအရွယ်ကတည်းက အဆိုလောကကို စိတ်အားထက်သန်ပြီးအောင်မြင်မှုအလားလာရှိတဲ့ သူအနေနဲ့ လမ်းမတွေပေါ်မှာတောင်ဖျော်ဖြေခဲ့ဖူးပေမဲ့ သူမဟာ ကံကောင်းစွာနဲ့ sitcom မှာပါဝင်ခွင့်ရပြီး သူမရဲ့ခြေလှမ်းတွေစတင်ခဲ့ပါတယ်
3. Kim Min Seok
Kim Min Seok ဟာလည်း အရင်က Idol Star ဖြစ်ချင်ခဲ့ဖူးပြီး “Superstar K” ဆိုတဲ့ Audition အစီစဉ်မှာတောင်ပါဝင်ခဲ့ဖူးပါတယ် ၊ “Shut Up and Let’s Go,”မှာ ပါဝင်သရုပ်ဆောင်ရာကနေစတင်ပြီး သူဟာ သရုပ်ဆောင်လောက ကို စိတ်အားထက်သန်လာခဲ့တာပဲဖြစ်ပါတယ်
4. Gong Seung Yeon
Twice အဖွဲ့ဝင် Jungyeon ရဲ့ အမဖြစ်သူ Gong Seung Yeon ဟာလည်း SM Entertainment မှာ Trainee အဖြစ်နဲ့ ၇ နှစ်လုပ်ကိုင်ခဲ့ဖူးပေမဲ့ သူမပါဝင်သရုပ်ဆောင်တဲ့ “I Love Lee Taly” နဲ့ စတင်ပြီး သရုပ်ဆောင်လောက ဘက်ကို ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်
5.Kim Min Jae
Kim Min Jae ဟာလည်း အစပိုင်းမှာ Idol Star ဖြစ်ချင်ခဲ့ဖူးပြီး “Show Me The Money” မှာ Stage name ” Real B” နဲ့ auditioned လုပ်ခဲ့ဖူးပေမဲ့ ယခုတော့ သရုပ်ဆောင်ပိုင်းဘက်ကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်
6. Park Shin Hye
Park Shin Hye ဟာဆိုရင်တော့ သူမဟာအဆိုတော်တစ်ယောက်အနေနဲ့ ပွဲဉီးထွက်ချင်ခဲ့ပေမဲ့ သရုပ်ဆောင်သင်တန်းတွေ ကို တတ်ပြီးသူမဟာ သရုပ်ဆောင်ပိုင်းမှာအောင်မြင်ဖို့ပိုအလားလာရှိတာကြောင့်လမ်းကြောင်းပြောင်းခဲ့တာပဲဖြစ်ပါတယ် ၊ သူမရဲ့အကပိုင်းကျွမ်းကျင်မှုကလည်းလက်ဖျားခါလောက်တဲ့အထိပါနော်
7.Kwak Dong Yeon
Kwak Dong Yeon ဟာ Idol Training ဘဝနဲ့စတင်ခဲ့ပေမဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပွဲဉီးထွက်ခဲ့တာပဲဖြစ်ပါတယ် ၊သရုပ်ဆောင်တစ်ယောက်အနေနဲ့တွေ့ရတာလည်း Kwak Dong Yeonနဲ့ အရမ်းကိုလိုက်ဖက်ပါတယ်နော်
8. Park Yuna
Park Yuna ဟာ လည်း သူမ အထက်တန်းကျောင်းသူဘဝကတည်းက Idol Trainee အနေနဲ့ စတင်ခဲ့ပေမဲ့ “Cheer Up” ဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းခံရပြီး နောက် သရုပ်ဆောင်လောကထဲကို စတင်ဝင်လာခဲ့ခြင်းပဲဖြစ်ပါတယ် ၊
9. Lee Jong Suk
Lee Jong Suk ဟာ မော်ဒယ်တစ်ဉီးအနေနဲ့စတင်ခဲ့ပြီး ” Real” ဆိုတဲ့ Idol အဖွဲ့ထဲကို ဝင်ရောက်ခဲ့ပြီး 3လကြာ train ခဲ့ပေမဲ့ သူ့ရဲ့ Idolအလုပ်လုပ်ကိုင်ဖို့ လတ်မှတ်ရေးထိုးခဲ့တဲ့ Agency က သရုပ်ဆောင်လုပ်ခွင့်ပေးဖို့အစီစဉ်မရှိတာကြောင့် အခြားသော Agency တွေဆီပြောင်းခဲ့ပြီး သရုပ်ဆောင်လောက ထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်