အသက် ၃၄နှစ်ပြည့်မြောက်သွားပြီဖြစ်တဲ့ G-Dragon
ဩဂုတ်လ၁၈ရက်၁၉၈၈ခုနှစ်မှာမွေးဖွားခဲ့တဲ့ ကေပေါ့ပ်လောကရဲ့ဘုရင်တစ်ပါးဖြစ်တဲ့ G-Dragon ဟာဒီနေ့မှာတော့အသက် ၃၄ နှစ်
ပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်နော်။ G-Dragon ဟာကေပေါ့ပ်လောကရဲ့ဘုရင်တစ်ပါးဖြစ်တဲ့အပြင် တေးရေးဆရာ ၊ ဓာတ်ပြား
ထုတ်ဝေသူနဲ့ စွန့်ဉီးတီထွင်ဖန်ရှင်ဒီဇိုင်နာ စသည့်အနုပညာနဲ့ပက်သက်တဲ့အလုပ်များကိုလည်း ကျွမ်းကျင်ပိုင်နိုင်သောသူတစ်ယောက်
ဖြစ်ပါတယ်။ G-Dragon ဟာသူ့ရဲ့မူလအဖွဲ့ဖြစ်တဲ့ BigBang နှင့်အတူ FANTASTIC BABY, Bad Boy, Haru Haru,
LOSER, BANG BANG BANG စသောသီချင်းများဖြင့်အောင်မြင်မှုများရရှိထားပြီး တစ်ကိုယ်တော်သီချင်းများနှင့်ပရိတ်သတ်
အားပေးမှုများကိုတစ်ခဲနက်ရရှိထားသူဖြစ်ပါတယ်။ G-Dragon ဟာ Mnet Asian Music Awards ခုနစ်ဆု၊ Melon Music
Awards ခြောက်ဆု၊ Korean Music Awards နှစ်ဆု၊ Golden Disc ဆုနှစ်ဆု၊ MBC Entertainment Awards နှစ်ခု
အပါအဝင် အခြားသော ဆုပေါင်းများစွာကို လက်ခံရရှိထားသူလည်းဖြစ်ပါတယ်။ ထို့အပြင် သူသည် 2013 ခုနှစ်တွင် Mnet Asian
Music Award for Artist of the Year ကို ရရှိထားတဲ့ပထမဆုံးနဲ့ တစ်ဦးတည်းသော အနုပညာရှင်လဲဖြစ်ပါတယ်။ ထိုအတွက်
ကြောင့်ကေပေါ့ပ်လောကမှာကောနိုင်ငံတကာမှာကော အအောင်မြင်ဆုံးအနုပညာရှင်တစ်ယောက်ဆိုလည်းမမှားပါဘူးနော်။
ဒီကနေ့ကျရောက်တဲ့ သူ့မွေးနေ့မှာတော့ နိုင်ငံတကာမှာရှိတဲ့ သူ့ကိုချစ်တဲ့ပရိတ်သတ်များ နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ် အနပညာရှင်များက
သူ့အတွက်မွေးနေ့ဆုတောင်းများနဲ့လက်ဆောင်များပေးပို့ခဲ့ကြပါသေးတယ်။
နောက်နှစ်ပေါင်းများစွာတိုင် ချစ်ရတဲ့လူများ ၊ ပရိတ်သတ်များနှင့်အတူဖြတ်သန်းနိုင်ပြီး ပရိတ်သတ်များကိုလည်း သီချင်းအလန်းတွေနဲ့ဖျော်
ဖြေပေးပါဉီးလို့ မင်မင်တို့ကလည်း ဆုတောင်းလိုက်ပါတယ်နော်။
HAPPY-BIRTHDAY ပါ G-Dragon ရေ…..