၃နှစ်ကြာဝေးကွာခဲ့ပြီးနောက် comeback ပြန်လာမယ့်နေ့ကိုအတိအလင်းပြောကြားလာခဲ့တဲ့ EXID
K-pop မိန်းကလေးအဖွဲ့တစ်ခုဖြစ်တဲ့ EXID အဖွဲ့သည်ပရိတ်သတ်များနဲ့ဝေးကွာနေခဲ့တာ ၃နှစ်ကျော်ကြာဝေးကွာနေခဲ့ပြီး ယခုအခါမှာတော့ comeback ပြန်လာတော့မယ့်နေ့စွဲနဲ့အချိန်စာ
ရင်းကိုအတိအလင်းကြေညာလာခဲ့ပါတယ်။
EXID အဖွဲ့ဟာသူတို့အဖွဲ့တည်ထောင်ခဲ့တာ(၁၀)နှစ်ပြည့်မြောက်တော့မှာဖြစ်ပြီး ထို(၁၀)နှစ်ပြည့်နှစ်ပတ်လည်နှင့်အတူ သူတို့ရဲ့ Single Alubum ဖြစ်တဲ့ “X”လို့ အမည်ရတဲ့ Albumနဲ့
စက်တင်ဘာလ 29ရက်နေ့မှာပြန်လာတော့မှာပဲဖြစ်ပါတယ်။ သူတို့ရဲ့အယ်လ်ဘမ်ခေါင်းစဉ်နာမည်ပေးဖြစ်ပုံနဲ့ပက်သက်ပြီး အဖွဲ့ဝင် Hyerin က – “ဒီအယ်လ်ဘမ်လေးကကျွန်မတို့အဖွဲ့ရဲ့ ၁၀နှစ်
မြောက်နှစ်ပတ်လည်နေ့လေးလဲဖြစ်တာမို့ဂရိလို့တစ်ဆယ်လို့အဓိပ္ပါယ်ရတဲ့ “X”ကိုရွေးချယ်ခဲ့ပြီး ၎င်း”X”က အဖွဲ့နာမည် EXIDရဲ့ ကိုပါကိုယ်စားပြုတယ်လို့သူမကဖြေကြားခဲ့ပါတယ်။ အဖွဲ့ဝင်
Soljiကလည်း “X” အယ်လ်ဘမ်ဟာ သူတို့အဖွဲ့အတွက် come back အယ်လ်ဘမ်ဖြစ်ပြီးထိုအတွက်အမှန်တကယ်စိတ်လှုပ်ရှားကြောင်း ၊ ပရိတ်သတ်တွေဘယ်လောက်ပျော်နေကြမလဲဆိုတာ
စောင့်မျှော်နေကြောင်း မှတ်ချက်ပြုထားပါတယ်။ EXIDအဖွဲ့ရဲ့ဟာယခုထွက်ရှိမည့်အယ်လ်ဘမ်မထွက်ရှိသေးခင် ၂၀၁၉ မေလမှာ “Me & You” သီချင်းပါဝင်တဲ့ “WE”လို့အမည်ရတဲ့မီနီ
အယ်လ်ဘမ်ကိုနောက်ဆုံးထုတ်ဝေခဲ့တာပဲဖြစ်ပါတယ်။