သရုပ်ဆောင်ပိုင်းမှာအရည်အချင်းရှိရုံတင်မကဘဲ တည်ငြိမ်လေးနက်တဲ့အသံပိုင်ရှင်တွေအဖြစ်ပါ သတ်မှတ်ခံထားရတဲ့ ဒရာမာမင်းသားချော (၇) ယောက်
Korean Television Industry လောကဟာဆိုရင် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ပရိတ်သတ်တွေကြား အောင်မြင်မှုရရှိနေပြီး ထွက်သမျှ Drama Series တိုင်းရဲ့ဇာတ်လမ်းဇာတ်အိမ် ဇာတ်ကွက်တွေအပြင် သရုပ်ဆောင်တွေရဲ့ ချောမောခန့်ငြားမှု ၊ အရည်အချင်းရှိမှု ၊ ဒါ့အပြင် တည်ငြိမ်လေးနက်တဲ့ အသံတွေနဲ့ပါ ပရိတ်သတ်တွေရဲ့ အသည်းတစ်နေရာကို အရယူထားကြပါသေးတယ်နော်။အခုဖော်ပြပေးမဲ့ သရုပ်ဆောင်မင်းသား 7ဉီးကတော့ ပရိတ်သတ်တွေ သိပြီးသားဖြစ်သလို နားထဲကို စွဲဝင်စေလောက်အောင် ညှို့ယူနိုင်တဲ့ အသံပိုင်ရှင်တွေပဲဖြစ်ပါတယ်
1. Yeo Jin Goo
Yeo Jin Goo ဟာ ၂၀၁၅ ခုနှစ်ကတည်းက ကလေးသရုပ်ဆောင်ဘဝနဲ့ စတင်ခဲ့သူဖြစ်ပါတယ် ၊ သူ့ရဲ့နောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေဟာဆိုရင်တော့ ” Hotel Del Luna”
“Beyond Evil” ဇာတ်လမ်းတွဲတွေပဲဖြစ်ပါတယ် ၊ သူ့ရဲ့ တည်ငြိမ်တဲ့အသံလေးကလည်း ပရိတ်သတ်တွေရဲ့ နှလုံးသားတစ်နေရာကို အပိုင်ယူလောက်စေတာပါနော်
2. Kim Min Jae
Kim Min Jae ဟာလည်း လူသိများတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့အသံလေးကို နားဆင်ရတာလည်း မထင်မှတ်စရာကောင်းလောက်အောင် ဆွဲဆောင်မှုအပြည့်ရှိသူပါနော်
3.Kim Woo Bin
သူကတော့ ပြောနေစရာမလိုအောင်ကို တည်ငြိမ်လေးနက်တဲ့ အသံပိုင်ရှင်ပါလို့ပြောလို့ရတယ်နော် ၊ Romance Drama ” Heirs” ဇာတ်လမ်းတွဲကတည်းက ပရိတ်သတ်တွေရဲ့အသည်းကို
Acting skills ရော Calming Voice နဲ့ပါ သိမ်းကျုံးယူခဲ့သူပါ
4. Lee Soo Hyuk
မော်ဒယ်လ် သရုပ်ဆောင်တဖြစ်လည်း Lee Soo Hyuk ဟာဆိုရင် ပြီးခဲ့တဲ့ 2010 ခုနှစ်တုန်းက” Lucky Romance ” နဲ့ ” Doom At Your Service” ဒရာမာကားတွေ အပြင် အချို့သော K Dramas တွေအတော်များများမှာ ပါဝင်ဖူး
တဲ့သူပဲဖြစ်ပါတယ်၊ သူ့ရဲ့အသံလေးကလည်း ကြည်လင်ပြတ်သားပြီး တည်ငြိမ်တဲ့အပြင် အပြုံးချိုချိုလေးတွေနဲ့ ဖမ်းစားသူလေးပါနော်
5.Lee Sun Gyun
Lee Sun Gyun ရဲ့အသံကလည်း Relax ဖြစ်စရာကောင်းလောက်အောင် low tone နဲ့သူမတူအောင် ဆွဲဆောင်နိုင်ပြီး သူ့ရဲ့မှတ်ချက်တစ်ခုပြောတဲ့အချိန်တိုင်းမှာတောင် သံသယဖြစ်စရာမကောင်းလောက်အောင်
အေးဆေးစွာပြောဆိုတည်ငြိမ်သူပဲဖြစ်ပါတယ် ၊ Lee Sun Gyun ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့ “Coffee Prince” နဲ့ “My Mister” တို့ပဲဖြစ်ပါတယ် ၊
6.Lee Dong Wook
Lee Dong Wook ဟာ ပရိတ်သတ်တွေရဲ့အသည်းကို ဆွဲငင်နိုင်တဲ့ မင်းသားကြီးဖြစ်ပြီး သူ့ရဲ့အသံအတိမ်အနက်ကအစ တည်ငြိမ်လေးနက်မှုအပြည့်နဲ့ပြောဆိုနိုင်တဲ့မင်းသားကြီးတစ်ဉီးပါ ၊
“Goblin,” “Touch Your Heart,” နဲ့ “Tale of the Nine-Tailed,” ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုတွေအများကြီးရရှိခဲ့သူလည်းဖြစ်ပါတယ်
7. Lee Byung Hun
Lee Byung Hun ဟာ ဆိုရင် ပြည်တွင်းမှာရော ပြည်ပမှာပါ အောင်မြင်မှုရရှိနေတဲ့သူဖြစ်ပြီး သူ့ရဲ့နောက်ဆုံးရိုက်ခဲ့တဲ့ ဇာတ်လမ်းတွဲဟာဆိုရင်တော့ “Emergency Declaration” နဲ့
“Our Blues” တို့ပဲဖြစ်ပါတယ် ၊ “Squid Game” ဇာတ်လမ်းတွဲထဲမှာလည်း မျက်နှာဖုံးအောက်က သူ့ရဲ့စူးရှရှ အသံလေးကို ပရိတ်သတ်တွေသတိထားမိကြမှာပါနော်