ကြည့်ရှုနှုန်း စံချိန်သစ်တင်ခဲ့တဲ့ ကိုရီးယားနန်းတွင်းဟာသစီးရီး ‘Under the Queen’s Umbrella’
tvN ရဲ့ စီးရီးတစ်ခုဖြစ်တဲ့ ဝါရင့်မင်းသမီး Kim Hye Soo ပါဝင်သရုပ်ဆောင်ထားသော ‘Under the Queen’s Umbrella’ ဟာ ကြည့်ရှုသူစံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
‘Under the Queen’s Umbrella’ ရဲ့ အပိုင်း ၆ ကိုအောက်တိုဘာလ 30 ရက်နေ့တွင် ထုတ်လွှင့်ပြသခဲ့ပြီး ပျမ်းမျှ တစ်နိုင်ငံလုံးကြည့်ရှုမှု အဆင့်သတ်မှတ်ချက် ၁၁.၃ ရာခိုင်နှုန်းကိုရောက်ရှိလာခဲ့ပါတယ်။ ထိုအဆင့်သတ်မှတ်ချက်မှာ အပိုင်း 4 တွင် မှတ်တမ်းတင်ထားတဲ့ ယခင်အမြင့်ဆုံး အဆင့်သတ်မှတ်ချက် ၉.၅ ရာခိုင်နှုန်း ထက်ကျော်လွန်သွားသည့် စံချိန်သစ်လဲ ဖြစ်ပါတယ်။
Kim Hye Soo သည် တော်ဝင်နန်းတော်ရဲ့ နိုင်ငံရေးကို အနှောက်အယှက်ဖြစ်စေသော မင်းသားများကို စီမံခန့်ခွဲသောမင်းသမီး Hwa Ryung အဖြစ် သရုပ်ဆောင်ထားပါတယ်။