2PM အဖွဲ့ဝင် Lee Junho ၊ Girls’ Generation အဖွဲ့မှ YoonA နှင့် Jang Sung Kyu တို့သည် 2022 MBC Music Festival အတွက် MCs အဖြစ်နဲ့ ပြန်လာမည်ဖြစ်ကြောင်း အတည်ပြုခဲ့
2PM အဖွဲ့ဝင် Lee Junho၊ Girls’ Generation အဖွဲ့ဝင် YoonA နဲ့ Jang Sung Kyu တို့ဟာ 2022 MBC Music Festival ကို host အဖြစ် နဲ့ ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ကြောင်းကိုနိုဝင်ဘာလ 28 ရက်နေ့ MBC ကနေ “Lee Junho၊ YoonA နဲ့ Jang Sung Kyu တို့ဟာ ဒီဇင်ဘာလ 31 ရက်နေ့မှာ ကျင်းပပြုလုပ်မဲ့ 2022 MBC Music Festival အတွက် MCs အဖြစ်နဲ့ ထပ်မံရွေးချယ်ခံခဲ့ရပါသည်။ပြီးခဲ့တဲ့နှစ်ကလည်း MCs အဖြစ်နဲ့ရွေးချယ်ခံခဲ့ရဖူးပါတယ်” ဆိုပြီး confirmed လုပ်ကြေညာခဲ့ပါတယ်။YoonA ဟာဆိုရင် MBC Music Festival ကို host အဖြစ်နဲ့ ရှစ်နှစ်ဆက်တိုက် စံချိန်တင်ကျင်းပခဲ့ရပြီး Lee Junho ဟာလည်း 2021 MBC Music Festival မှာ အထင်ကြီးလေးစားခဲ့ရတဲ့ MC နှစ်ဦးဖြစ်တဲ့ Camila Cabello နဲ့ Shawn Mendes ၏ “Señorita” မှာလည်း MCs အဖြစ်နဲ့ ကျင်းပခဲ့ဖူးပါတယ်။ နောက်ပြီး YoonA နဲ့ Lee Junho တို့နှစ်ဉီးဟာ
လာမည့်ဒရာမာ “King the Land” မှာ အတူသရုပ်ဆောင်ဖို့ ပြင်ဆင်နေကြတာပဲဖြစ်ပါတယ်။Jang Sung Kyu အနေနဲ့ကတော့ MBC Music Festivalကို စတုတ္ထအကြိမ်မြောက်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပြီး Lee Junho နှင့် YoonA တို့နဲ့ အတူ ဘယ်လို မျိုးလိုက်ဖက်ညီစွာနဲ့HOSTလုပ်သွားမလဲဆိုတာကို ပရိတ်သတ်တွေအနေနဲ့ ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှူရဉီးမှာပဲဖြစ်ပါတယ်။