Seventeen’s CARAT ဖြစ်ကြောင်းပြသခဲ့တဲ့ “Wednesday” မင်းသမီး Emma Myers
Netflix ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ “Wednesday” ဟာဆိုရင် အောင်မြင်မှုရရှိနေတဲ့ဇာတ်ကားတစ်ကားဖြစ်ပြီးကြည့်ရှုသူပရိတ်သတ်တွေဟာ ဇာတ်လမ်းထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့အဓိကဇာတ်ကောင်မင်းသမီး Emma Myers ကို စိတ်ဝင်စားခဲ့ကြပါတယ်။ မကြာသေးမီက သူမရဲ့Instagram မှာ K-Pop အဖွဲ့တွေဖြစ်တဲ့ LE SSERAFIM၊ STAYC၊ SHINee နဲ့GOT7 တို့ကို Follow လုပ်ထားကြောင်းသိရှိရပါတယ် ။ Kpop အဖွဲ့တွေအားလုံးထဲမှာမှ
သူမအဆုံးစွန်ထိကြိုက်နှစ်သက်တဲ့အဖွဲ့ဟာ SEVENTEEN ဖြစ်ပြီး အားပေးလာခဲ့တာ ငါးနှစ်ကြာခဲ့ပြီဆိုတာကိုပါ ထုတ်ဖော်ပြောပြခဲ့ဖူးပါတယ်။သူမဟာ Seventeen’s Hoshi Tiger ရုပ်နဲ့အတူဓာတ်ပုံရိုက်ကူးထားခြင်းဟာ Fangirl တွေအကြားသတိထားမိလာစေတဲ့ အောင်မြင်တဲ့ Fangirl တစ်ဉီးဖြစ်လာခဲ့ပါတယ်။အခုဆိုရင်တော့ Emma ဟာ Fan အဖွဲ့ထဲမှာ သူမရဲ့ biases နှစ်ဉီးအကြောင်းကို မျှဝေခဲ့ပြီး ပရိသတ်တွေနဲ့လည်း ပိုပိုပြီး ရင်းနှီးလာခဲ့ပါတယ်။Teen Vogue ရဲ့ အင်တာဗျူးမှာဆိုရင် Emma ဟာ ယခင်က Jeonghan ကို သူမရဲ့ bias အဖြစ်ရွေးချယ်ထားတာ လို့လည်းဆိုပါတယ် ။ မကြာသေးမီက Instagram မှာ သူမရဲ့ Fan တစ်ဉီးရဲ့ မေးခွန်းကိုဖြေဖို့ရန်အတွက်သူမဟာ SEVENTEEN Semicolon အယ်လ်ဘမ်ဗားရှင်းနှစ်မျိုးဖြစ်တဲ့ S.Coups Version နဲ့ Jeonghan Version တို့နဲ့အတူ” these two” လို့ caption ရေးထားတဲ့ဓာတ်ပုံတစ်ပုံကို သူမရဲ့Instagram stories မှာတင်ခဲ့ပါသေးတယ်နော် ။ Myers ရဲ့ အားပေးမှုကို အခုလောက်ဆိုကောင်လေးတွေလည်းသတိထားမိပြီးပြီဆိုတော့အရမ်းကို ပျော်ရွှင်နေမှာဖြစ်သလို CARAT တွေလည်းဂုဏ်ယူနေရမှာ အသေချာပါပဲနော်