New York’s World Trade Center မှာ Super Large Screen Birthday Advertisement ပြုလုပ်ခံရတဲ့ ပထမဆုံး အနုပညာရှင်တစ်ယောက်ဖြစ်လာတဲ့ BTS’s V
BTS အဖွဲ့ဝင် V (Kim Taehyung) ဟာဆိုရင် New York ရဲ့ World Trade Center သယ်ယူပို့ဆောင်ရေးဗဟိုဖြစ်တဲ့ Oculus မှာ Super Large Birthday Advertisementပြုလုပ်ခံရတဲ့ ပထမဆုံး အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။’China Baidu V Bar’ ဟာဆိုရင် နှစ်စဉ်နှစ်တိုင်း corporate scale project တွေကို ပံ့ပိုးပေးတဲ့ Taehyung ရဲ့နာမည်ကြီး Chinese Fan Club တစ်ခုဖြစ်ပြီး “Vဟာ Oculus မှာ Super Large Birthday Advertisement ပြသခံရမဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ပထမဆုံးလူဖြစ်လာမယ်”လို့ ပြောခဲ့ပြီး မွေးနေ့အတွက်ပြင်ဆင်ပေးခဲ့ပါတယ်နော်။ Oculus ဟာဆိုရင်ကမ္ဘာပေါ်မှာဈေးအကြီးဆုံး train station တစ်ခုဖြစ်ပြီး New York ရဲ့ အချက်ချာကျဆုံး World Trade Center လည်းဟုတ်တယ်နော်။Oculus အပြင်ပိုင်းဒီဇိုင်းဟာဆိုရင် ချိုးဖြူနဲ့ တူပြီး ရထားဘူတာရုံ၊ ဈေးဝယ်စင်တာနဲ့ လူကူးဥမင်လိုဏ်ခေါင်းတို့ ပါဝင်ပြီး သန်းနှင့်ချီသော လူဦးရေဖြတ်သန်းသွားလာတဲ့ စည်ကားတဲ့ နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ ဒီလို ကြီးကျယ်ခမ်းနားတဲ့ နေရာ မျိုးမှာပဲ V အတွက် HappyBirthday Kim Taehyung လို့ရေးထားတဲ့ ad တွေနဲ့ Central Hall အပြည့်Super Large Screen 22 ခုစလုံးကို တပြိုင်တည်းပြသခဲ့ပြီးမွေးနေ့ Celeberate လုပ်ပေးခံခဲ့ရတဲ့ ဒီကောင်လေးဟာ အချစ်ခံဖို့မွေးဖွားလေသလားပဲ….Project ကြီးက ရှယ်လန်းလွန်းလို့ Oppa က သူ့ Army တွေကြောင့် ဒီနေ့လေးမှာ အရမ်းကိုပျော်ရွှင်နေရမှာ အမှန်ပါပဲနော်