နာမည်ကြီး ကြယ်ပွင့်နှစ်ဉီးဖြစ်တဲ့ IU နဲ့ Lee Jong Suk Couple တို့နောက်ကွယ်က ပရိတ်သတ်တွေ အံ့အားသင့် အားကျစရာကောင်းလောက်တဲ့ ချမ်းသာကြွယ်ဝမှု
IU နဲ့ Lee Jong Suk တို့နှစ်ဉီးဟာဆိုရင် ပြီးခဲ့တဲ့ နှစ်သစ်ကူးမှာ ပရိတ်သတ်တွေ ကို သူတို့နှစ်ဉီးဟာ လက်ရှိမှာ Date နေကြကြောင်း အသိပေးကြေငြာခဲ့ပါတယ်။ ပရိတ်သတ်တွေရဲ့ အချစ်တော်တွေလည်းဖြစ်ကြသလို နှစ်ယောက်စလုံးဟာလည်း တကယ့်ကို ဟုမ်းဟုမ်းတောက်နာမည်ကြီးတဲ့ကြယ်ပွင့်တွေလည်းဖြစ်ကြပြီးချမ်းသာကြွယ်ဝမှုဟာလည်း အားကျစရာကောင်းလောက်အောင်ပါပဲနော်
IUနဲ့ Lee Jong Suk တို့ဟာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများကို စိတ်အားထက်သန်နေကြသူတွေလည်းဖြစ်ကြပြီးသူတို့နှစ်ဉီးအိမ်ထောင်ပြုဖို့အတွက် ₩100 ဘီလီယံ KRW ($ 78.7 သန်းခန့်) ရှိကြောင်းလည်းသိရှိရပါတယ်။
IU ဟာဆိုရင်2021 ခုနှစ်လောက်ကအချမ်းသာဆုံး အမျိုးသမီးK-Pop စတားဖြစ်ခဲ့ပြီး ခန့်မှန်းခြေကြွယ်ဝမှု ₩51.2 ဘီလီယံ KRW (အမေရိကန်ဒေါ်လာ 40.3 သန်းခန့်) ရှိတယ်လို့ဆိုပါတယ်။IU ရဲ့ နုပညာလုပ်ငန်းကဝင်ငွေအပြင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအချို့ကိုလည်းပြုလုပ်ထားကြောင်းသိရှိရပါတယ်။သူမဟာ₩ 13.0 ဘီလီယံ KRW (ဒေါ်လာ 10.2 သန်းခန့်) တန် Cheongdam-dong ရှိ ဇိမ်ခံအိမ်ကြီးတစ်လုံးရှိတဲ့အပြင် ၊Gyeonggi-do ရှိ စတူဒီယိုတစ်ခုကို ₩4.60 ဘီလီယံ KRW(ဒေါ်လာ 3.62 သန်းခန့်) ဖြင့် ဝယ်ယူခဲ့ပါသေးတယ်နော် ။ Villa အိမ်ကိုဝယ်ယူစဉ်မှာလည်း ချေးငွေမပါဘဲ ငွေသားနဲ့လက်ငင်းချေခဲ့တာဟာလည်းပရိတ်သတ်တွေကြားနာမည်ကြီးတဲ့သတင်းတစ်ခုလို ဖြစ်ခဲ့ပါသေးတယ်။Gyeonggi-do မှာရှိတဲ့ IUရဲ့ ဒုတိယအိမ်ဖြစ်တဲ့ Yangpyeong-gun ကို စျေးနှုန်း ₩2.20 ဘီလီယံ KRW (ဒေါ်လာ 1.73 သန်းခန့်) ဖြင့်ဝယ်ယူခဲ့ပြီး ဘေးနားကပ်လျက်မြေကို လည်း ₩800 million KRW ($629,000 ခန့်) ဖြင့်ဝယ်ယူခဲ့ကြောင်းသိရှိရပါတယ်။သူမရဲ့ ရင်းနှီးမြုပ်နှံမှုအားလုံးကိုပရိတ်သတ်တွေကိုမချပြထားသေးပေမဲ့လည်းလက်ရှိသိရှိထားသလောက်တင်₩20.0 billion KRW($15.7 million ခန့်)အထိရှိနေပြီဖြစ်ပါတယ်။
Lee Jong Suk ဟာလည်း အိမ်ခြံမြေဝါသနာရှင်တစ်ဦးလို့လူသိများပြီးထိပ်တန်းသရုပ်ဆောင်တစ်ဦးဖြစ်တဲ့အပြင်အိမ်ခြံမြေလုပ်ငန်းတွေမှာရင်းနှီးမြုပ်နှံမှုတွေရှိခြင်းကြောင့်သူ့ရဲ့ချမ်းသာကြွယ်ဝမှုကိုပိုပြီးမြင့်တတ်လာစေတယ်လို့သိရပါတယ်။Lee Jong Suk ဟာ2016 ခုနှစ်မှာဆိုးလ်မြို့Sinsa-dong တွင်အိမ်တစ်လုံးဝယ်ယူခဲ့ပြီးနှစ်ထပ်ကဖေးအဖြစ်ပြန်လည်တည်ဆောက်ခဲ့ပါတယ်။အဲ့ဒီ့နောက် ₩5.95 ဘီလီယံ KRW (အမေရိကန်ဒေါ်လာ 4.68 သန်းခန့်) ဖြင့် 2020 ခုနှစ်မှာရောင်းချခဲ့ပြီးအမြတ်ငွေ ₩2.05 ဘီလီယံ KRW (အမေရိကန်ဒေါ်လာ 1.61 သန်းခန့်) ရရှိခဲ့တယ်လို့လည်း သိရပါတယ်။2015 ခုနှစ်မှာ KRW 4.30 ဘီလီယံ (အမေရိကန်ဒေါ်လာ 3.38 သန်းခန့်) ဖြင့် La Terrasse Hannam ၊ Hannam-dong မှာ Luxury Villa တစ်လုံးကို ဝယ်ယူခဲ့ပြီး လက်ရှိနေထိုင်နေတဲ့ ₩7.30 ဘီလီယံ KRW (အမေရိကန်ဒေါ်လာ 5.74 သန်းခန့်) ရှိတဲ့Nine One Hannam ရှိ အိမ်ကို မပြောင်းရွှေ့မီ အဲ့ဒီ့Villa မှာခြောက်နှစ်ခန့်နေထိုင်ခဲ့တယ်လို့သိရှိရပါတယ်။IU လိုပဲ Lee Jong Suk ဟာလည်း ငွေသားနဲ့ လက်ငင်းဝယ်ယူခဲ့တာပါနော်။ သူဝယ်ယူထားတဲ့ La Terrasse အိမ်ရဲ့ပေါက်စျေးဟာဆိုရင် ယခုအချိန်မှာ ခန့်မှန်းခြေ ₩12.0 ဘီလီယံ KRW (ဒေါ်လာ 9.44 သန်းခန့်) အထိ တက်သွားပြီပဲဖြစ်ပါတယ်။
သူတို့နှစ်ယောက်ရဲ့ ငွေကြေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု ကျွမ်းကျင်ခြင်းကိုရောIU ရဲ့ အလှူငွေတွေရက်ရောတာတောင်ချမ်းသာကြွယ်ဝနေသေးတဲ့အတွက်လက်ရှိမှာပရိတ်သတ်တွေချီးကျူးမှုကို ခံရဆုံးသောကြယ်ပွင့်စုံတွဲလေးနှစ်ယောက်အဖြစ်နာမည်ကြီးနေကြပါတယ်