ကလေးဘဝတုန်းကဗွက်အိုက်ထဲမှရေကိုသောက်ခဲ့ရတဲ့အထိဆင်းရဲဒုက္ခရောက်ခဲ့တဲ့ ‘The Glory’ သရုပ်ဆောင် Jung Sung Il
မကြာသေးခင်ကမှ နာမည်ကြီးခဲ့တဲ့‘The Glory’ ဒရာမာဇာတ်လမ်းထဲပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသား Jung Sung Il ဟာဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်လွှင့်တဲ့ ‘You Quiz on the Block’ မှာပါဝင်ခဲ့ပြီး Yoo Jae Suk ,Show Host တို့နဲ့အတူ အစီစဉ်ကိုရိုက်ကူးရင်း သူ့ရဲ့ကလေးဘဝက ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကိုပြန်လည်ပြောပြရင်း မျက်ရည်ကျခဲ့ပါတယ်။
Jung Sung Il – “ကျွန်တော်မှာ အိပ်မက်ဆိုတာမျိုးတကယ်မရှိခဲ့ပါဘူး အသက်ရှင်ဖို့ ကြိုးစားရင်းနဲ့ အလုပ်များနေတာကြောင့်မို့လို့ပါကျွန်တော် ငယ်ငယ်လေးကတည်းက အမေ နေမကောင်းဖြစ်တော့ ကုသဖို့ အဝေးကိုသွားနေရတယ်အဖေက လွတ်လွတ်လပ်လပ် နေတတ်တဲ့သူဆိုတော့ အိမ်မှာ မနေဖူးဘူး။ကျွန်တော်အထက်တန်းကျောင်းသားဘဝမှာတော့ အမေကနေ ပြန်ကောင်းလာပြီး ကောလိပ်တက်ဖို့ အကြံပေးတယ်။အမဖြစ်သူကတော့ အနုပညာနဲ့ ဖျော်ဖြေရေးဘက်ကို လေ့လာကြည့်ဖို့အကြံပေးတယ်၊
.
Yoo Jae Suk က – “အကိုငယ်ငယ်တုန်းကဘဝကဘယ်လိုဖြတ်သန်းခဲ့တာလဲ” လို့မေးလိုက်တဲ့အခါမှာတော့
မင်းသားJung Sung Ilက -“ကျွန်တော်ကခဏခဏဖျားတတ်တဲ့သူမျိုးပါ အနားမှာမိဘတွေကအနားမှာမရှိတာများတော့ ကျွန်တော့်အစ်မကပဲအမြဲဂရုစိုက်ပေးရတယ်”“ကျွန်တော်တို့ မူလတန်းကျောင်းတတ်တုန်းက အဖွားနဲ့ပဲကြီးပြင်းလာခဲ့ရပြီး အဖွားကို ပြုစုစောင့်ရှောက်ခဲ့ရပါတယ်။သူမက သွားလာရခက်ခဲတဲ့ အဖွားတစ်ယောက်ဆိုတော့ အညစ်အကြေးကအစ ကူညီသန့်ရှင်းပေးတယ်၊ အခက်ခဲဆုံးကြုံတွေ့ရတဲ့အချိန်ကတော့..ကျွန်တော့်အမကျောင်းတတ်နေတဲ့အချိန် အစ်မကို စောင့်ရင်း ဘာမှလည်း မစားမသောက်ရဗိုက်ဆာလာတာနဲ့ လူသွားလမ်းမှာရှိတဲ့ ဗွက်အိုင်ထဲကရေကို သောက်ခဲ့ရတယ်၊ရေဘူးထဲထည့်ပြီး အနည်တွေ ဘူးအောက်ခြေကျတဲ့အထိစောင့်ပြီးသောက်ခဲ့တယ်။Yoo
Jae Suk က- “အိမ်နီးနားချင်းတွေကို ရေတောင်းခိုင်းလို့ရတယ်၊ ဘာလို့ မလုပ်တာလဲ” လို့ပြန်ပြီးမေးတဲ့အခါမှာတော့မင်းသားJung Sung Ilက- “ဒါဆို မင်းအနေနဲ့လည်း တစ်ခါတလေ တော့လုပ်လို့ရကောင်းရနိုင်မယ် ၊ ခဏခဏ ဆိုရင်တော့ အပြစ်ရှိသလိုခံစားလာရလိမ့်မယ်”
Show HOST ကလည်း- “မင်းအမ သိလား” လို့ ထပ်ပြီးမေးတဲ့အခါမှာတော့
မင်းသားJung Sung Il က- “နင်ရူးနေသလား၊ ဘာလို့သောက်တာလဲ၊ ငါပြန်လာတာကို စောင့်သင့်တယ်” လို့ အော်ပြောခံခဲ့ရတယ်လေ”အစ်မက အိမ်မှာဟင်းချက်တာ တော်တယ်။ အဲ့ဒါကြောင့် အမြဲ ချက်ကျွေးတယ်။အစ်မက ကျွန်တော့်ထက် နှစ်နှစ်ပဲ ပိုကြီးတာဆိုတော့ သူမလည်း မူလတန်း ကျောင်းပဲတတ်ရတယ်အဲဒီတုန်းကလည်း စိတ်ထဲမှာ အရမ်းနာကျင်ရတယ်။ အစ်မက နှစ်နှစ်ပဲကြီးတော့ ငယ်သေးတယ်လေ သူမလည်း ကလေးပါဘဲ၊ ဒါပေမဲ့ ကျွန်တေ့်ရှေ့မှာတော့ မငိုဖူးဘူး”ဆိုပြီးသူ့ရဲ့ငယ်ဘဝက ခက်ခဲခဲ့ပုံကို ပြောပြခဲ့ပါတယ်။ အစ်မဖြစ်သူနဲ့အတူငယ်ငယ်လေးကတည်းက ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရပေမဲ့အခုလို အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာတာတကယ့်ကို ချီးကျူးစရာပါပဲနော်