NCT အဖွဲ့ဝင် Haechan ၏နေအိမ်သို့ ကျူးကျော်ဝင်ရောက်လာသည့် Sasaeng ကြောင့် အနုပညာရှင်တွေရဲ့Privacy နဲ့ပတ်သတ်ပြီး သတိပေးကြေညာချက်ထုတ်ပြန်လိုက်တဲ့ SM Entertainment
NCT အဖွဲ့ဝင် Haechan ရဲ့ နေအိမ်ကိုကျူးကျော်ဝင်ရောက်ခံရခြင်းနဲ့ပတ်သတ်ပြီး SM Entertainment ကအနုပညာရှင်တွေရဲ့ ကိုယ်ရေးကိုယ်တာအား ကျူးကျော်ခြင်းပြင်းပြင်းထန်ထန်သတိပေးလိုက်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ယခုလိုပဲဖော်ပြခဲ့ပါတယ်။
“မင်္ဂလာပါ SM Entertainment ကပါ
NCT အဖွဲ့ဝင်တွေရဲ့ privacy ကို ကျူးကျော်ဝင်ရောက်လာခြင်းနဲ့ပတ်သတ်ပြီးNCT အဖွဲ့ဝင်တွေရဲ့ နေ့စဉ်ဘဝနဲ့ သက်ဆိုင်တဲ့ နေရာများသို့သွားရောက်လည်ပတ်ရန်ခွင့်ပြုချက်မရှိဘဲစောင့်ဆိုင်းနေခြင်း၊ယာဉ်အနောက်သို့လိုက်ခြင်း၊ လေဆိပ်လုံခြုံရေးဇုန်အတွင်းတွင်လည်း အဖွဲ့ဝင်များကို အလွန်အကျွံဆက်သွယ်ခြင်း သို့မဟုတ် ဓာတ်ပုံရိုက်ခြင်း ၊ ခြိမ်းခြောက်စာပို့ခြင်း၊ကိုယ်ရေးကိုယ်တာအချက်အလက်များကိုတရားမ၀င်ရယူခြင်း၊ အန္တရာယ်ရှိတဲ့ ကောလာဟလများဖြန့်ခြင်းတို့ကြောင့် အဖွဲ့ဝင်တွေအနေနဲ့များစွာစိတ်ထိခိုက်နေကြရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်မှာ NCT’s Haechan ရဲ့ နေအိမ်ကို “sasaeng” (နာမည်ကျော်များ၏ကိုယ်ရေးကိုယ်တာဘဝကိုကျူးကျော်သူများကိုရည်ညွှန်းသည်)ကျူးကျော်ဝင်ရောက်လာမှုဖြစ်ပွားခဲ့ပါတယ်။ Haechan က သူ့မိသားစုနဲ့ အတူနေထိုင်နေတာကြောင့် Haechan သာမကဘဲသူ့မိသားစုကလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အတော်အတန် ခံနေရပါတယ်။
“sasaeng” ကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုခြင်းပြုလုပ်ခဲ့ပေမဲ့ Haechan ရဲ့ ဆန္ဒအရ လျော့ပေါ့အပြစ်ပေးခဲ့ပါတယ်၊ဒီလိုလုပ်ရပ်တွေဟာ အနုပညာရှင်တွေကို စိတ်ဝင်စားကြောင်းပြသစေတဲ့လုပ်ရပ်မျိုးမဟုတ်ဘဲ အနုပညာရှင်တွေကို အကြောက်တရားတွေ တိုးပွားလာစေတဲ့လုပ်ရပ်ဖြစ်ပြီး သူတို့မိသားစုနဲ့ သူတို့ပတ်ဝန်းကျင်က အသိမိတ်ဆွေတွေကိုပါ ပြင်းပြင်းထန်ထန် အန္တရာယ်ဖြစ်စေတဲ့ ရာဇ၀တ်မှုဖြစ်ပါတယ်။”sasaengs” တွေအနေနဲ့လည်း အနုပညာရှင်တွေရဲ့ ကိုယ်ပိုင်ဘဝကို စွက်ဖက်ခြင်းမှ ရပ်တန့်ဖို့အတွက်မျှော်လင့်ပါတယ်ရှေ့ဆက်ပြီး “saesaengs” တွေအနေနဲ့ အိမ်ဖောက်ဖျက်ဝင်ရောက်ခြင်း ၊ ကိုယ်ရေးကိုယ်တာအချက်အလက်များ ပေါက်ကြားစေခြင်းတို့ပြုလုပ်လျှင်
ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းသွားမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ SM Entertainment အနေနဲ့ ဆက်လက်လုပ်ဆောင်နိုင်တဲ့နည်းလမ်းများအားလုံးနဲ့ အရေးယူမည်ဖြစ်တာကြောင့် ထိုသို့သော အရှက်ရဖွယ်ဖြစ်ရပ်များမှာ
မပါဝင်ဖို့ရန် တောင်းဆိုပါတယ်။
ရှေ့ဆက်ပြီးတော့လည်း အနုပညာရှင်တွေကို အကာအကွယ်ပေးဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ။
ကျေးဇူးတင်ပါတယ်။”