မွေးနေ့အတွက် Turkey နဲ့ Syria ငလျင်ဘေး ကယ်ဆယ်ရေး လုပ်ငန်းများ အတွက် ဝမ် သန်း ၁၀၀ လှူခဲ့တဲ့ BTS’s Suga
ဒီနေ့ မတ်လ ၉ ရက်နေ့မှာ ကျရောက်တဲ့ Suga ရဲ့မွေးနေ့အတွက် (NGO)အဖွဲ့စည်း Save the Children မှ“BTS အဖွဲ့ဝင် Suga ဟာ တူရကီနှင့် ဆီးရီးယား မှာဖြစ်ပျက်ခဲ့တဲ့ ငလျင်ဘေးအရေးပေါ် ကယ်ဆယ်ရေးအတွက် ဝမ် သန်း 100 [ဒေါ်လာ 75,900 ခန့်) လှူဒါန်းခဲ့ကြောင်း”ကို ဖော်ပြထားပါတယ်
Suga က “ဒီငလျင်ကြောင့် ကလေးတွေနဲ့ မိသားစုတွေ အများကြီး ပျက်စီးခဲ့ရပါတယ်။ ကျန်ရစ်သူတွေ နဲ့ ထိခိုက်ဒဏ်ရာရသူတွေဆီကို ဝမ်းနည်းကြောင်းပြောချင်ပါတယ်ငလျင်ဒဏ်ခံခဲ့ရတဲ့ ကလေးတွေအတွက် ကျွန်တော့်ရဲ့မွေးနေ့အလှူက အကူအညီတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ပြီးဒီ [လှူဒါန်းမှု] ကို ကလေးတွေအတွက် လိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးဖို့ မျှော်လင့်ပါတယ်”လို့လည်းပြောခဲ့ပါတယ်။ Save the Children က Suga ရဲ့ လှူဒါန်းမှုအတွက် ဆောင်းရာသီအတွက်စောင်များ၊ မွေ့ယာများ၊ ကျောင်းသုံးပစ္စည်းများနဲ့ဘေးဒဏ်သင့်ဒေသတွေအတွက်အခြားလိုအပ်တဲ့ ပစ္စည်းတွေကို ရန်ပုံငွေအဖြစ် အသုံးပြုသွားမှာပဲဖြစ်ပါတယ်။
Suga က သူ့ရဲ့မွေးနေ့တိုင်း တောမီးဘေးဒုက္ခသည်၊ ကလေးကင်ဆာလူနာများအား ကူညီခြင်း၊COVID-19 ကာကွယ်ခြင်းဆိုင်ရာ လုပ်ငန်းတွေမှာ တောက်လျှောက် လှူဒါန်းမှုများတွေ ပြုလုပ်ခဲ့တာပဲဖြစ်ပြီးTurkey နဲ့ Syria မှာငလျင်ဒဏ်ကျရောက်ပြီးနောက်မှာလည်း Suga ရဲ့လှူဒါန်းမှုအပြင် BTS ရဲ့ အေဂျင်စီဖြစ်တဲ့ HYBE ကလည်း Save the Children အတွက်ဝမ် သန်း 500 (ဒေါ်လာ 388,900) ကို လှူဒါန်းခဲသလို BTSအဖွဲ့ဝင် J-Hope နဲ့ Jimin တို့ကလည်း UNICEF အတွက် ကိုရီးယား ကော်မတီထံကို အလှူငွေ သန်း 100 စီလှူဒါန်းခဲ့တယ်လို့သိရပါတယ်နော် ။