BTS အဖွဲ့ဝင် Jimin ရဲ့ ယနေ့ထုတ်လွှင့်တဲ့ တစ်ကိုယ်တော် Album မှာပါဝင်မဲ့ “Face Off”ဟာ KBS ထုတ်လွှင့်မှုအတွက် မသင့်လျော်ဘူးလို့ ယူဆခဲ့တဲ့အကြောင်းအရင်း
Jimin ရဲ့ ဒီနေ့မှာ ထွက်ရှိမဲ့ တစ်ကိုယ်တော်အယ်လ်ဘမ် “FACE” မှ “Face-off”၊ “Like Crazy” နှင့် “Alone” အပါအဝင် သီချင်းသုံးပုဒ်ကိုKBS မှာ ထုတ်လွှင့်ဖို့ ဆွေးနွေး တင်သွင်းခဲ့ပေမဲ့ မတ်လ 22 ရက်နေ့တွင် KBS က “Face-off” သီချင်းက ကျိန်ဆဲတဲ့ စကားလုံး၊ ဘန်းစကားတွေ နဲ့မဖွယ်မရာအသုံးအနှုန်းတွေများတာကြောင့် မထုတ်လွှင့်သင့်ဘူးလို့ ယူဆခဲ့တယ်လို့သိရပါတယ်။
“Face-off” က Jimin ရဲ့ တစ်ကိုယ်တော် ပွဲဦးထွက် အယ်လ်ဘမ်အတွက် ပထမဆုံး သီချင်းဖြစ်ပြီးBTS အဖွဲ့ဝင် RM အပြင် Pdogg၊ GHSTLOOP ၊ EVAN တို့နဲ့အတူ သီချင်းထုတ်လုပ်ဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ပါတယ်။
Jimin က တစ်ကိုယ်တော်ပွဲဦးထွက်အတွက် “FACE” , “Like Crazy” တို့နဲ့ပြုလုပ်သွားမှာဖြစ်ပြီးAlbum မထွက်ခင်အကြိုထွက်ရှိထားတဲ့ Single “Set Me Free Pt.2” နဲ့အတူ အခွေကို ထုတ်လုပ်မယ်လို့သိရပါတယ်။