ဇူလိုင်လ ARMY Birthday မှာ ကိုယ်ပိုင်စာအုပ် ထုတ်လုပ်မဲ့သတင်းကို Confirm လိုက်တဲ့ BTS
US စာအုပ်ရောင်းသူတွေထံမှ BTS (သို့မဟုတ်) Taylor Swift တစ်ဉီးဉီးဆီမှဇူလိုင်လ 9 ရက်နေ့ထုတ်ရက်စွဲ ကနဦးပုံနှိပ်ထုတ်ဝေသည့်ရက်စွဲနဲ့ အုပ်ရေ 1 သန်းအထိ စာအုပ်အသစ်ပုံနှိပ်ထုတ်ဝေဖို့ပြုလုပ်နေတဲ့အကြောင်းကို ရက်အတော်တန်ကြာ ကောလဟာလထွက်ပေါ်နေခဲ့ပြီးစာအုပ်ထုတ်လုပ်မဲ့ စာရေးဆရာ နဲ့ စာအုပ်ခေါင်းစဉ်ကို အတည်ပြုကြေညာထားခြင်းမရှိဘဲနဲ့ Amazon နဲ့ Barnes & Noble နှစ်ခုစလုံးမှာအရောင်းရဆုံးစာရင်းဖြစ်လာခဲ့မယ်လို့ မှတ်ချက်ချခဲ့ပါတယ်။US ပုံနှိပ်ထုတ်ဝေသူ Flatiron Books က ကောလဟာလတွေအကြား နောက်ဆုံးကြေညာချက်ကို ပြီးခဲ့တဲ့ မေလ ၁၁ရက်နေ့မှာပဲကြေညာခဲ့ပါတယ်။BTS အဖွဲ့က ပရိတ်သတ်တွေ အရောင်းရဆုံးစာအုပ်ဖြစ်လာမယ်လို့ ထင်ကြေးပေးခံရတဲ့ စာအုပ်နောက်ကွယ်က စာရေးဆရာဖြစ်ပါတယ်။သတင်းထောက် Kang Myeongseok နဲ့အတူ BTS က “Beyond The Story: 10-Year Record of BTS” လို့နာမည်ပေးထားတဲ့ အဖွဲ့ရဲ့ ရာဇဝင်ကြောင်းကို ရေးသားထားပြီးဇူလိုင် ၉ ရက်နေ့မှာ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံကို ဖြန့်ချီမယ်ဆိုတဲ့အကြောင်းကို အတည်ပြုခဲ့ပါတယ်။New York Times ရဲ့ ပြောကြားချက်အရ US Edition အနေနဲ့ စာမျက်နှာ ၅၄၄ မျက်နှာ သီးသန့်ဓာတ်ပုံများ ပါဝင်မည်ဖြစ်ပြီးအင်္ဂလိပ်ဘာသာပြန်ကို Clare Richards နှင့် Slin Jung တို့နဲ့ပူးပေါင်းပြီး Anton Hur မှ ဦးဆောင်ခဲ့တယ်လို့သိရပါတယ်
BTS Fandom Birthday ,ARMY နေ့မှာ ထုတ်လုပ်မဲ့စာအုပ်အတွက် ARMY လေးတွေရင်ခုန်နေကြပြီလို့ ထင်ပါတယ်နော်