2023 မှာ Trending ဖြစ်လာတဲ့ Fashion များ
ဒီနေ့ခေတ်မှာ တော်တော်များများ Fashion နဲ့ပတ်သက်ပြီး အရင်ကထက်ပိုစိတ်ဝင်စားလာကြသလို အရင်ကထက်လည်းပိုFashionကျလာကြတယ်။ ဒီနေ့မှာတော့ လူငယ်တွေကြား ခေတ်လည်းစား လိုက်လည်းလိုက်ဖက်မယ့် Fashion လေးတွေအကြောင်းပြောပြမယ်နော်။
(1) Oversized shirt & short pants
နွေရာသီ ပူတဲ့ အချိန်တုန်းက အဲ့Fashion လေးတော်တော်ပေါက်သွားတယ်။ ဝတ်ရတာ ပေါ့ပေါပါးပါးနဲ့ အရမ်းအဆင်ပြေတယ်။
(2) Wide-leg Jeans
1980 ကနေ 2010 လောက်ထိ ခေတ်စားခဲ့တဲ့ အောက်ပွ Jeans , Cargo Pants အပွတွေ အခုပြန်ခေတ်စားလာကြတယ်။ Crop-top shirts တွေနဲ့ တွဲဝတ်ပြီး Style တွေ မိမိုက်လာကြတယ်။
(3) Knitted Vest & Shirt
Vest နဲ့ Shirt နဲ့ တွဲဝတ်တာလေးတွေ တော်တော်ခေတ်စားလာကြတယ်။ အောက်က Mini Skirt ဘဲဖြစ်ဖြစ်၊ Pants ဘဲဖြစ်ဖြစ် တွဲဝတ်ရင် အရမ်းလှတယ်။
(4) chequered jackets & plain mini skirt
နှစ်ထပ်အကျီကိုမှ အောက်က Plain Mini skirt လေးနဲ့ တွဲဝတ်ရင် Elegance vibe လေး ရစေတယ်။ Dinner ပွဲတွေ တက်ရရင် ဒါမျိုးလေးတွေ ဝတ်တာပိုများလာကြတယ်။
(5) Boyfriend shirt & style pants
ခုနောက်ပိုင်း ခေတ်စားလာတဲ့ Office wear look လေး။ Formal Meeting တွေ၊ Office တွေမှာ မမဆန်လို့ ရတဲ့ Vibe မျိုးလေးမို့ တော်တော်လည်း အဝတ်များလာကြတယ်။
ဒီ Style 5မျိုးက 2023 မှာ Trending ဖြစ်လာတာမို့ မဝတ်ရသေးတဲ့ Style ရှိသေးရင် Try ကြည့်ကြပါဉီးနော်။ ပိုလှသွားဖို့ရာ မင်မင်အကြံပြုတယ်နော်။