သာမန်နဲ့မတူတဲ့ နားရွက်ကောက်ကောက်လေးတွေကို ပိုင်ဆိုင်ထားတဲ့ American Curl Cat အကြောင်း
American Curl Cat လေးတွေဟာဆိုရင် တခြားကြောင်လေးတွေလို နားရွက်ဖြောင့်ဖြောင့်လေးမဟုတ်ဘဲ သူတို့ရဲ့နားရွက်တွေဟာ မျက်နှာပြင်ကလည်း ဉီးခေါင်းခွံနောက်ဘက်ထိ ကွေးလန်နေအောင် ကောက်တတ်ကြပါတယ်။ ဒီကြောင်လေးတွေရဲ့ မျိုးစိတ်ဟာဆိုရင်တော့ 1981 ခုနှစ်လောက်က Lakewood, California မှာ Shulamith လို့အမည်ပေးထားတဲ့ အမွှေးရှည်ကြောင်မဲမလေးဟာ ခြောက်လလောက်အကြာမှာပုံမှန်မဟုတ်တဲ့ နားရွက်ကောက်ကောက်ပုံစံနဲ့ ကြောင်လေးတွေကို မွေးဖွားခြင်းကနေ စတင်ခဲ့တာပဲဖြစ်ပါတယ်။ Shulamith က American Curl Cat လေးတွေရဲ့ မျိုးရိုးစတင်သူလို့ပြောလို့ရတယ်နော်။1986 ခုနှစ်လောက်မှာတော့ American Curl လေးတွေကို Cat Show တစ်ခုမှာ ပထမဆုံးအကြိမ်စတင်မိတ်ဆက်ခဲ့ပြီး နားရွက်ကောက်ကောက်လေးတွေအပြင် မျိုးစိတ်တစ်ခုတည်းမှာပဲ ခန္ဓာကိုယ်အမွှေးမျှင်အရှည်ရော အတို နှစ်မျိုးလုံးပါရှိနိုင်တဲ့ မျိုးစိတ်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သူတို့လေးတွေကို တော့ အမေရိကန်အပြင် ရှရှား ၊ ဂျပန် ၊ ပြင်သစ်နဲ့ စပိန်တို့မှာလည်းတွေ့ရတတ်ပါတယ်တဲ့။
.
American Curl လေးတွေဟာဆိုရင် သူတို့ကို စတင်မွေးစဉ်ကတော့ နားရွက်ဖြောင့်ဖြောင့်လေးတွေအနေနဲ့မွေးပြီး မွေးပြီး 48 နာရီအတွင်းမှာပဲ နားရွက်လေးတွေစတင်ကောက်သွားကြတာလို့သိရှိရပါတယ်။လေးလလောက်အကြာမှာတော့ နားရွက်ခြေရင်းလေးတွေတောင့်တင်းပြီး ပုံမှန်ထက်ပိုကွေးသွားတာမျိုးတော့မရှိတော့ပါဘူး ။American Curl အထီးလေးတွေကတော့ ၇ပေါင်ကနေ ၁၀ပေါင်အထိရှိပြီး ၊ American Curl အမလေးတွေကတော့ ၅ပေါင်ကနေ ၈ပေါင်အထိ ရှိတတ်ကြပါတယ်။ သူတို့လေးတွေကတခြားကြောင်လေးတွေလို ရင့်ကျက်တာမမြန်ပါဘူး ရင့်ကျက်ဖို့အတွက်က ၂ နှစ်ကနေ ၃ နှစ်အထိ လည်းကြာတတ်ကြပါတယ်။တချို့ American Curl လေးတွေဟာ အမွှေးမျှင်ရှည်တတ်ကြပေမဲ့ တချို့ American Curl လေးတွေကတော့ အမွှေးမျှင်တိုတတ်ကြပါတယ်။ သူတို့လေးတွေအမွှေးဟာ ပျော့ပျောင်းပြီး ပိုးသားလေးလို နူးညံ့ကြပြီး ခန္ဓာကိုယ်မှာ ပြားဝပ်သေသပ်စွာရှိတတ်ကြပါတယ်။ သူတို့လေးတွေဟာ တခြားမျိုးစိတ်တွေလို တစ်ကိုယ်တည်းနေရတာမကြိုက်လို့သခင်က အမြဲဂရုစိုက်ချစ်နေပေးဖို့လိုအပ်ပါတယ်။ သခင်ကို ပွတ်သပ်တာ နှာခေါင်းလေးနဲ့တိုးတာ ခေါင်းနဲ့တိုးပြီးနှိုးတာမျိုးလည်းလုပ်တတ်လို့ လူသိများပါတယ်
American Curl Cat လေးတွေဟာ ပုံမှန်အားဖြင့် ကျန်းမာတဲ့မျိုးစိတ်ကြောင်လေးတွေဖြစ်ပေမဲ့လို့ သာမန်ပုံစံနဲ့ မတူတဲ့နားရွက်လေးတွေကိုတော့ အမြဲသန့်ရှင်းပေးဖို့လိုအပ်ပါတယ်နော်။ ရေမကြိုက်တတ်တဲ့အကောင်လေးတွေပေမဲ့လို့သန့်ရှင်းရေးလုပ်ပေးဖို့တော့လိုအပ်ပါတယ်နော် ။ သူတို့ရဲ့ကျန်းမာရေးအခြေအနေ အသက်အရွယ်ပေါ်မူတည်ပြီး အစားအသောက်ကျွေးပေးဖို့လည်းလိုအပ်ပါတယ်နော်။