“Baby Monster” ရဲ့ Debut Postpone လုပ်ခဲ့ရတဲ့ အကြောင်းကို ဖြေရှင်းလာခဲ့တဲ့ YG
YG Entertainment က October 10 ရက်နေ့မှာ “Baby Monster” ရဲ့ Debut Teaser Poster ပုံနဲ့ November မှာ Debut လုပ်မယ့်အကြောင်းကြေညာခဲ့ပါတယ်။
July လတုန်းက “Baby Monster” ကို September မှာ Debut လုပ်မယ် ကြေညာခဲ့ပေမယ့် ပရိတ်သတ်တွေကို ပိုမိုကောင်းမွန်သောရလဒ်ကို ပေးချင်တာမို့ Delay ဖြစ်ခဲ့ရတာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
Member တစ်ယောက်ချင်းစီကလည်း သေချာပြင်ဆင်နေတာမို့ November မှာ Debut လုပ်ရင် ဆက်ပြီးအားပေးကြပါလို့ ပြောခဲ့ပါတယ်။
“Baby Monster” က “Blackpink” အဖွဲ့ပြီးနောက်ပိုင်း 7နှစ်နေမှ YGဘက်က ဖွဲ့ဖြစ်တဲ့ Girl Group လည်း ဖြစ်ပါတယ်။
“Baby Monster” အဖွဲ့မှာ နိုင်ငံပေါင်းစုံက သူတွေ ပါဝင်ပြီး ကိုးရီးယားမှ Ahyeon, Haram, Rora၊ ထိုင်းနိုင်ငံမှ Pharita နှင့် Chiquita၊ ဂျပန်မှ Ruka နှင့် Asa တို့ ပါဝင်ပါတယ်။