Phyo Day By Day Page မှ မဖြိုးပြည့်စုံထွန်းရဲ့ မျက်နှာအလှပြင်နည်းလေးတွေက မခက်ခဲပဲ ကိုယ်တိုင်လုပ်နိုင်တဲ့အတွက် ဆက်လက် တင်ပြလိုက်ပါတယ်။

ဒီနေ့ကတော့ အရောင်တောက် eyeshadow အလွယ်ချယ်နည်းပါ။ အသေးစိတ်ကိုတော့ အောက်မှာဆက်ပြီး ဖတ်လိုက်ပါနော်။

အခုဆိုဝါလည်းကျွတ်ပြီ မိုးလေလည်းကင်းလွတ်သွားပြီမို့ ပွဲလမ်းသဘင်ရာသီစပါပြီ ။
ဘယ်ပွဲပဲသွားသွား အလွယ်တကူလိမ်းချယ်သွားလို့ရတဲ့ eyeshadow ချယ်နည်းလေးကိုပြောပြမယ်နော် ။

ကျွန်မအခုဒီမှာ မြစိမ်းရောင် (turquoise) နဲ့ပြထားပေမယ့် ကိုယ်ကြိုက်တဲ့ဘယ်အရောင်မဆို ပြောင်းလဲသုံးစွဲလို့ရပါတယ် ။
ဒီပို့စ်လေးကျွန်မ weebly မှာ blog ရေးတုန်းကတင်ဖူးပါတယ် ။ အခုပုံစံအသစ်တစ်မျိုးနဲ့ ပြန်တင်မှာပါ။ အားလုံးပဲ ပွဲလမ်းများတဲ့ရာသီမှာ eyeshadow အရောင်ဆန်းဆန်းနဲ့ရှိုးထုတ်ကြမယ်နော် ။

၀၁. မျက်ခွံတစ်ခုလုံးကို eyeshadow primer လိမ်းလိုက်ပါ။ (အရောင်တောက်တဲ့ရှဲဒိုးသုံးမှာမို့ အရောင်ထွက်ကောင်းအောင်ရယ် အမှုန်တွေမျက်နှာပေါ်ကိုမကျအောင်ရယ် eyeshadow primer သုံးသင့်ပါတယ်)

၀၂. မျက်ရစ်အပေါ်ဖက်ကိုအညိုနုချယ်လိုက်ပါ။ မျက်ခုံးလေးနည်းနည်းပင့်သွားအောင် မျက်ခုံးအောက်ဖက်နားကိုအဖြူထဲ့လိုက်ပါ။ အရောင်နှစ်ခုသပ်သပ်စီဖြစ်မနေအောင် brush အသန့်တစ်ချောင်းနဲ့ ဖြည်ချ(blend) လိုက်ပါ။

၀၃. မျက်ခွံပေါ်ကို အစိမ်းရောင်ရှဲဒိုးတင်လိုက်ပါ။ အောက်မျက်ခွံတောက်လျှောက်ကိုလည်းအစိမ်းရောင် ထည့်လိုက်ပါ။

၀၄. မျက်ရစ်ထဲကိုအနက်ရောင်ရှဲဒိုးထည့်လိုက်ပါ ။ အောက်မျက်ခွံ ၃ပုံ၁ပုံ ကိုလည်းအနက်ရောင်ထည့်ပါ။

၀၅. လိုင်နာဆွဲပါ ။ အောက်မျက်ခမ်းကိုလည်းလိုင်နာထည့်ပေးပါ။ mascara သုံးပါ။ မျက်တောင်တုကြိုက်တဲ့သူများက မျက်တောင်တုတပ်နိုင်ပါတယ် ။
မြစိမ်းရောင်ရှဲဒိုးကိုကျွန်မ မက်မွန်ရောင်နှုတ်ခမ်းနဲ့တွဲစပ်ထားပါတယ် ။

အခုမှစလုပ်ကြည့်မယ့်သူတွေအတွက် အနည်းအငယ်အခက်အခဲရှိနိုင်ပါတယ် ။ ခဏခဏလုပ်ကြည့်ပါ ။
လက်ကအသားကျလာပြီး အဆင်ပြေပြေလုပ်နိုင်လာပါလိမ့်မယ် ။ ပထမဆုံးတစ်ခါလုပ်ကြည့်တာ မရဘူဆိုပြီးလက်မလျှော့လိုက်ပါနဲ့နော် ။ အားလုံးပဲသဘောကျလိမ့်မယ်လို့ ထင်ပါတယ်ရှင်။

https://www.facebook.com/phyodaybyday

Credit. phyodaybyday
Credit Photo. phyodaybyday
Chelmo Team