လက်ကို နှိပ်ခြင်းအားဖြင့် ကိုယ်ခန္ဒာအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ရောဂါလက္ခဏာတွေကို လျော့ပါးစေမှာပါ။

ဘယ်လက်ကို နှိပ်ရင် ဘာအတွက်ကောင်းသလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။

၀၁. စိတ်ဓာတ်ကျခြင်းကို ကာကွယ်ပေးနိုင်သည်

လက်မကို နှိပ်ခြင်းအားဖြင့် ဗိုက်နာခြင်း၊ ခေါင်းကိုက်ခြင်းကို ပျောက်ကင်းစေသလို အာရုံကြော၊ စိတ်ဓာတ်ကျခြင်းကို သက်သာစေပါတယ်။

၀၂. စိတ်ပူခြင်းကို လျှော့နည်းစေပါသည်


လက်ညှိုးကို နှိပ်ပေးခြင်းအားဖြင့် ကျောက်ကပ်၊ ဆီးအိပ်မှာ ဖြစ်တတ်သော ရောဂါတွေကို သက်သာစေသလို၊ စိတ်ပူခြင်း၊ သိမ်ငယ်နေခြင်းတို့ကို သက်သာစေပါတယ်။

၀၃. စိတ်တိုခြင်းကို လျှော့နည်းစေပါသည်


လက်ခလယ်ကို နှိပ်ခြင်းအားဖြင့် အသည်း၊ နှလုံးအတွက် ကောင်းပြီး မိန်းကလေးများ ခေါင်းကိုက်ခြင်းများကို ကာကွယ်နိုင်ပါတယ်။ မျက်စိကိုလည်း ပိုမိုကြည်လင်လာစေပါတယ်။ စိတ်မကြည်မလင်ဖြစ်နေချိန်၊ ဒေါသဖြစ်နေချိန်မှာ နှိပ်ပေးခြင်းဖြင့် စိတ်ကို တည်ငြိမ်စေမှာပါ။

၀၄. စိတ်မကြည်မလင်ဖြစ်ခြင်းကို ကာကွယ်နိုင်ပါသည်


လက်သန်းကြွယ်ကို နှိပ်ခြင်းအားဖြင့် အဆုပ်၊ အစာအိမ်၊ အသက်ရှုလမ်းကြောင်းကို ကောင်းမွန်အောင် စွမ်းဆောင်နိုင်သော အာနံသင်ရှိပြီး နားမှ လေထွက်ခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။

၀၅. အားနည်းနေချိန်၊ စိတ်ဖိစီးနေချိန်မှာ သက်သာစေပါသည်


လက်သန်းကို နှိပ်ခြင်းအားဖြင့် လည်ပင်း၊ နှလုံးရဲ့ ကျန်းမားရေးကို အထောက်အကူဖြစ်သလို စိတ်ဖိစီးမှုကိုလည်း လျှော့နည်းစေပါတယ်။

အပေါ်က ၅ ချက်ကို ပင်ပန်းနေချိန်မှာ လုပ်ကြည့်ကြပါနော်။

#Chelmo Team
Credit. tabi-labo