Melbourne တွင် ကျန်းမာရေးပြဿနာကြောင့် ဖျော်ဖြေနေစဉ် ထွက်ခွာသွားခဲ့တဲ့ BLACKPINK အဖွဲ့ဝင် Jennie
ဇွန်လ 11 ရက်နေ့က Melbourne ၌ ၎င်းတို့၏ဖျော်ဖြေပွဲအတွင်း BLACKPINK အဖွဲ့ဝင် Jennie ဟာ ကျန်းမာရေးပြဿနာကြောင့် ဖျော်ဖြေပွဲနေစဉ်မှာ စင်မြင့်မှ ရုတ်တရက် ထွက်ခွာသွားခြင်းအပေါ် စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ Event အတွင်းမှာ Jennie ကို သူမရဲ့ လက်မောင်းမှာ Band-Aid နဲ့ တွေ့ခဲ့ရတဲ့အတွက် ပွဲမစတင်ခင်ကပင် IV ချိတ်ခဲ့ကြောင်း ပေါ်လွင်စေခဲ့တယ်။အဆုံးမှာတော့ သူမဟာ သူတို့ရဲ့ နောက်ဆုံးသီချင်း "Lovesick Girls" ဖျော်ဖြေမှုအလယ်တွင်မှာ စင်ပေါ်ကနေ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ YG Entertainment က Jennie ဟာ ဖျော်ဖြေပွဲကို ပြီးအောင်လုပ်ဖို့ ဆန္ဒရှိခဲ့ပေမယ့် လုံလောက်တဲ့ အနားယူနိုင်ဖို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူရဲ့ အကြံဉာဏ်ကို ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ကုမ္ပဏီက ပရိသတ်တွေကို တောင်းပန်စာနဲ့ တောင်းပန်ပြီး Jennie က "ပရိသတ်အားလုံးကို တောင်းပန်ပါတယ်၊ တတ်နိုင်သမျှ အမြန်ဆုံး ပြန်ကောင်းလာဖို့ ကြိုးစားမှာပါ" လို့ ထုတ်ပြန်ခဲ့ပါတယ်။ ပရိသတ်တွေကတော့ သူမရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေပြီး သြစတြေးလျမှာ ရာသီဥတုကြောင့် အအေးမိနိုင်တာ ဖြစ်မယ်လို့ တချို့က ယူဆနေကြပါတယ်။ အခြားသူတွေကလည်း အစာအဆိပ်သင့်ခြင်း ဖြစ်နိုင်တယ်လို့ ထင်မြင်ပြောဆိုနေကြပါတယ်။ ဆက်စပ်သတင်းအရ BLACKPINK သည် Sydneyတွင် လေးရက်အတွင်း ထပ်မံဖျော်ဖြေရန် စီစဉ်ထားဆဲပင်ဖြစ်သည်။ https://youtube.com/shorts/UewykVklad0?feature=share