‘Boys Planet’ မှ ဒုတိယ Group တစ်ခု ဖွဲ့ရန် တိုင်ပင်ဆွေးနွေးခဲ့ကြတဲ့ Wake One Entertainment နှင့် Yuehua Entertainment
ဇွန်လ 30 ရက်နေ့ KST သတင်းဌာန၏ ဖော်ပြချက်အရ Wake One Entertainment နှင့် Yuehua Entertainment တို့သည်
၎င်းတို့၏ သင်တန်းသားများအား ‘Boys Planet’ မှ ဒုတိယမြောက်အဖွဲ့အဖြစ် အတူတကွပေါင်းစည်းရန် ဆုံးဖြတ်ခဲ့ကြတယ်။
Survival Group တွေမှာ ဒုတိယမြောက် Group လုပ်မယ်ဆိုတာ ဒါပထမဆုံးပင်ဖြစ်တယ်။
သတင်းအရ Group မှာ Wake One သင်တန်းသား Park Han Bin၊ Lee Jung Hyun၊ Moon Jung Hyun၊ Park Ji Hoo နှင့်
Yuehua Entertainment သင်တန်းသား Yoo Seung Eon နှင့် Ji Yoon Seo တို့ ပါဝင်မယ်ဟု သိရှိရတယ်။
Wake One နှင့် Yuehua တို့သည် အခြားသောအေဂျင်စီများနှင့် ညှိနှိုင်းရန် ကြိုးစားနေသည်ဟု အတွင်းစကားများမှ သိရတယ်။
သင်တန်းသားများသည် ယခုနှစ်နှောင်းပိုင်းတွင် ပွဲဦးထွက်ပွဲအတွက် ပြင်ဆင်ရန် ရည်မှန်းထားပါတယ်။