BTS 10th year Anniversary အတွက် Hype Agency နဲ့ Seoul Metropolitan Government တို့ ပူးပေါင်းပြီး Seoul မြို့နေရာအနှံ့ Purple အရောင်များဖြင့်လွှမ်းမိုးခဲ့
ဒီနေ့ 13 ရက်နေ့ဟာဆိုရင် Army တို့အချစ်တော် BTS အဖွဲ့ဝင်တွေရဲ့ 10th year anniversary ဖြစ်ပြီးတော့ အဖွဲ့ရဲ့ သက်တမ်း တစ်လျှောက် ရရှိခဲ့တဲ့ record breaking တွေ ကို ဂုဏ်ပြုတဲ့အနေနဲ့Hype Agency နဲ့ Seoul Metropolitan Government တို့ ပူးပေါင်းပြီး BTS ရဲ့သင်္ကေတ purple အရောင်နဲ့ မြို့နေရာပေါင်း ၁၁နေရာမှာ ထွန်းလင်းသွားမှာပဲဖြစ်ပါတယ်။ဆိုးလ်မြို့လယ်ခေါင်ရှိ HYBE ရုံးချုပ်ကို “2023 BTS Festa”Slogan နဲ့အတူ BTS အဖွဲ့ဝင်များ၏ ပုံတူဂရပ်ဖစ်တီရေးဆွဲမှုများကို စနေနေ့မှ ဇွန်လ 30 ရက်နေ့အထိ ပြုလုပ်သွားမှာပဲဖြစ်ပြီး Namsan Seoul Tower မှာတော့ တနင်္လာနေ့မှ June 25 အထိ ၊ Seoul City Hall မှာဆိုရင်တော့ June 19 ရက်နေ့မှလွဲပြီး အင်္ဂါနေ့မှ June 25 အထိ ၊Gwanghwamun Square (Sejong Center for the Performing Arts) မှာတော့ အင်္ဂါနေ့မှ June 25 အထိ ၊ Seoul မြို့တောင်ပိုင်းမှာရှိတဲ့ Some Sevit Banpo Han မြစ် ပန်းခြံမှာရှိတဲ့
Sevit ကျွန်းငယ် မှာဆိုရင် တနင်္လာနေ့မှ June 25 အထိ ၊ Dongdaemun Design Plaza မှာဆိုရင် တနင်္လာနေ့မှ June 25 အထိ ၊၊ Lotte World Tower ရဲ့အပြင်ဘက်နံရံ ၊ Citymall Building ၊ ဟန်မြစ်တံတား လေးစင်းဖြစ်တဲ့ Banpo Bridge ၊ World Cup Bridge ၊ Yanghwa Bridge ၊ Yeongdong Bridgeတို့မှာ BTS သင်္ကေတအရောင်ဖြစ်တဲ့ Purple အလင်းရောင်များဖြင့် ဂုဏ်ပြုကြိုဆိုသွားမှာပဲဖြစ်ပါတယ်။