ADOR CEO Min Hee Jin နှင့် ပူးပေါင်းကာ တစ်ကိုယ်တော် တေးဂီတကို ဖြန့်ချိမည့် BTS V
BTS ၏ V သည် ADOR CEO Min Hee Jin နှင့် ပူးပေါင်း၍ တစ်ကိုယ်တော်တေးဂီတကို ထုတ်လွှင့်မည်ဖြစ်ပါတယ်။
ဩဂုတ်လ 2 ရက်နေ့တွင် SPOTV News တွင် V သည် NewJeans ထုတ်လုပ်ရေးတာဝန်ခံ ADOR CEO Min Hee Jin နှင့်အတူ ၎င်း၏တစ်ကိုယ်တော်အယ်လ်ဘမ် ထွက်ရှိရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရတယ်။
ထုတ်လုပ်သူ Min Hee Jin က “ရင်းနှီးတဲ့ပုံစံထက် သီဆိုချင်တဲ့ သီချင်းတွေကို အာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့ အရမ်းအလုပ်ရှုပ်နေပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ ထုတ်လုပ်မှုတစ်ခု ထွက်ပေါ်လာတယ်လို့ ထင်ပါတယ်။” လို့ ပြောခဲ့ပါတယ်။
တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိခြင်းအပေါ် ၎င်း၏ခံစားချက်နှင့် ပတ်သက်၍ V က “ကျွန်တော် စိတ်လှုပ်ရှားနေပေမယ့် ပျော်ရွှင်နေပါတယ်။
ARMY တွေပျော်မယ်လို့ တွေးရင်းနဲ့ ပြင်ဆင်ခဲ့တာဖြစ်လို့ BTS ရဲ့ V နဲ့ မတူတဲ့ တစ်ကိုယ်တော် အနုပညာရှင် V ရဲ့ Version အသစ်ကို ပြနိုင်မယ်လို့ ထင်ပါတယ်။” လို့ မှတ်ချက်ပေးခဲ့ပါတယ်။