ပါရီမြို့က Chaumet ညစာစားပွဲကို တတ်ရောက်ခဲ့တဲ့ Song Hye Kyo နဲ့ Cha Eun Woo
ဇွန်လ 7 ရက်နေ့ CET တွင် မင်းသမီး Song Hye Kyo နှင့် အဆိုတော်/သရုပ်ဆောင် Cha Eun Wooတို့ နှစ်ဉီးက ပြင်သစ်လက်ဝတ်ရတနာ “Chaumet” မှ တည်ခင်းဧည့်ခံသည့် ဇိမ်ခံညစာစားပွဲသို့တက်ရောက်ခဲ့ပါတယ်။ ပရိသတ်တွေ ဖြတ်သွားဖြတ်လာတွေရဲ့ နှလုံးသားကို Cha Eun Woo ရဲ့ ဆွဲဆောင်မှုရှိသော အမူအရာဖြင့် ကြည့်ရှုသူများကို အံ့အားသင့်စေခဲ့ပြီး Song Hye Kyo ကလည်းသူမရဲ့ညနေခင်းအသွင်အပြင်ကို ဆွဲဆောင်မှုရှိတဲ့ လည်ဆွဲ, လိုက်ဖက်မှုရှိသော အဖြူရောင် Evening Dress ဖြင့်ကျက်သရေရှိစွာ ကြွားဝါခဲ့ပါတယ်။
ကြယ်ပွင့် ၂ ယောက်ရဲ့ Visual ရော အပြင်အဆင်ရောကြောင့် ပရိတ်သတ်တွေက Fantasy Romance Novel ရိုက်နေတာလား, တော် ဝင်မောင်နှမတွေလား ဆိုပြီးတောင် မှတ်ချက်ပေးနေကြပါတယ်။တစ်ချိန်တည်းမှာပဲ Song Hye Kyo ဟာ “Chaumet” ညစာစားပွဲကို တက်ရောက်တာဟာ သူမရဲ့ဒုတိယအကြိမ်မြောက် ဖြစ်ပြီး Cha Eun Woo ကတော့ “Chaumet” ညစာစားပွဲကို တက်ရောက်တာ သူ့ရဲ့ ပထမဆုံးအကြိမ်ပင် ဖြစ်ပါတယ်။