Detox Waterသောက်ခြင်းမှရရှိမယ့် အကျိုးကျေးဇူးများ
အခုဆိုရင် Covid-19ကြောင့် လူတိုင်းလိုလို Stay at Homeရင်း အစားအသောက်မျိုးစုံကို ကိုယ်တိုင်စီမံချက်ပြုတ် စားသောက်ကြရင်း ဖက်တီးလေးတွေဖြစ်နေကြပြီထင်တယ်နော်။ ဒါကြောင့်မင်မင်က အဆီတွေကို တိုက်ထုတ်ဖို့နဲ့ မျက်နှာအသားအရည်လေးတွေ ကြည်လင်ရှင်းသန့်စေဖို့ Detox Waterလေးတွေ လုပ်သောက်ဖို့ အကြံပေးချင်ပါတယ်ရှင်။Detox Waterကို ဘာကြောင့်သောက်သင့်လဲဆိုတော့ ခန္ဓာကိုယ်အတွင်းထဲက မလိုအပ်တဲ့ အဆီပိုတွေကိုကျစေပါတယ် ပြီးတော့အသားအရည်ကိုလဲ စိုပြေလှပစေပါတယ်။
အဆီပိုတွေကျပြီး ကျစ်လျစ်သွယ်လျတဲ့ ခန္ဓာကိုယ်ကိုလိုချင်သူများအတွက်
ပထမဆုံး Detox Waterကတော့ သခွားသီးတစ်လုံး၊ သံပုရာသီး(၂)လုံး၊
ပူစီနံ(၁၀)ရွက်လိုအပ်ပါတယ်။ သခွားသီးနဲ့ သံပုရာသီးကို အကွင်းလေးတွေလှီး ပူစီနံရွက်ကို ရေသေချာဆေး သောက်မဲ့ဘူးထဲထည့်ပြီးရင်အပေါ်ကနေ ရေသန့်ထည့်ပြီး ရေခဲသေတ္တာထဲမှာ တစ်ညထည့်ထားရပါမယ်။ သခွားသံပုရာပူစီနံ Detox Waterသောက်ပေးခြင်းက အဆီပိုတွေကျ ဗိုက်သားကိုချပ်ရပ်စေပြီး သွယ်လျလှပစေမှာပါ။
အဝလွန်နေသူတွေအတွက် Detox Water
အဆီကျဆေးတွေလဲ မသောက်ချင်ဘူး လေ့ကျင့်ခန်းလဲ ပုံမှန်မလုပ်ချင်သူ မမ၀၀များကိုတော့ အစားလေးရှာင်ပြီး ဒီ Detox Waterကို သောက်ပါလို့ အကြံပြုပေးချင်ပါတယ်။ သခွားသီးတစ်လုံး၊သံပုရာသီးနှစ်လုံး၊တရုတ်နံနံပင်၅ပင်၊ပူစီနံဆယ်ရွက်၊ရှောက်ရွက်၅ရွက်၊စပါးလင်တို့ကိုရေဆေး ဂျင်းနဲ့သံပုရာသီးကို ပါးပါးလွှာ ဘူးထဲထည့် အပေါ်ကနေပျားရည်ဆမ်းပြီးရေထည့်ကာ ရေခဲသေတ္တာထဲ တစ်ညသိပ်ပြီး တနေကုန်သောက်ပေးရင် အဆီပိုတွေကျစေမှာပါ။
ဆံကေသာလှပပြီး အသားအရည်လှချင်တဲ့ သူတွေအတွက်
ပန်းသီးအနီ၊ နဂါးမောက်သီး၊ ဆန်းကစ်သီးတို့ကို မိမိကြိုက်နှစ်သက်သလို အတုံးလေးတွေတုံးပြီး ရေခဲသေတ္တာထဲ တစ်ညသိပ်ကာ မနက်စောစောတစ်ခွက် နေ့လည်ထမင်းမစားခင်၂ခွက်နှင့်ညအိပ်ရာဝင်ခါနီးအထိသောက်ပေးပါက တစ်လအတွင်း ထူးခြားချက်ကို တွေ့ရှိရမှာပါ။
အူရှင်းပြီး အဆိပ်အတောက်ပြေချင်ပါက
ဂျင်း၊ သံပုရာသီး၊ပန်းသီးတို့ကို အထက်ပါနည်းအတိုင်း စိမ်ပြီးသောက်ပေးပါက ဝမ်းမှန် အူရှင်းပြီး သားအိမ်ခေါင်းကင်ဆာကိုတောင်ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။
ဒီလောက်ဆို Detox Waterလုပ်နည်းတွေနဲ့ ပုံမှန်သောက်ပေးရင်ရလာမဲ့ အကျိုးကျေးဇူးတွေကို သိလောက်ပြီထင်ပါတယ်။ ဘေးဘရာ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေရှင်။
#Chelmo_ChelmoTeam_Detoxwater