Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • About Us
  • Contact Us

logo

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

Knowledge
Home›Knowledge›ကျန်းမာတဲ့ နေထိုင်မှုဘဝဆီကို ဘယ်လိုသွားကြမလဲ

ကျန်းမာတဲ့ နေထိုင်မှုဘဝဆီကို ဘယ်လိုသွားကြမလဲ

By Kyaw Hein
February 11, 2020
2557
0
Share:

အခုဆိုရင် ကမ္ဘာကြီးမှာ တစ်နေ့ထက်တစ်နေ့ရောဂါဘယတွေပိုမိုထူပြောလာတာကိုတွေ့ရပါတယ်။
ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုကောင်းတဲ့အတွက်ကြောင့် ကိုယ်ခံအားကောင်းပြီး ကျန်းမာတဲ့နေထိုင်မှုပုံစံကို ဘယ်လိုပြောင်းလဲမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

 

ကျန်းမာတဲ့ နေထိုင်မှုဘဝကို သွားမယ်ဆိုရင် နေ့စဉ်စားသောက်နေတဲ့ အစားအသောက်ပုံစံကို စနစ်တကျဖြစ်အောင် ပြောင်းလဲပေးရပါမယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ စားသောက်မှုပုံစံက ရောဂါဘယတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ စားသောက်မှုပုံစံမှာ အဓိကအချက်က ရေများများသောက်ဖို့လိုတာဖြစ်ပါတယ်။ တစ်ရက်ကို ရေ(၂)လီတာလောက် ပုံမှန်သောက်သင့်ပါတယ်။ ရေဆာရင်ရေဘဲသောက်သင့်ပါတယ် ရေအစား အချိုရည်သောက်တာမျိုး ရှောင်သင့်ပါတယ်။ အချိုရည်ကြိုက်နှစ်သက်တဲ့သူတွေအတွက်ကတော့ သကြားအခြေခံထုတ်ထားတဲ့ အချိုရည်တွေအစား သဘာဝသစ်သီးဖျော်ရည်ကို သောက်သင့်ပါတယ်။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် များများစားပေးသင့်ပါတယ်။ အသီး အရွက်တွေမှာပါတဲ့ ဇင့်ဓာတ်၊ ဆီလီနီယမ်၊ သံဓာတ်၊ ကော့ပါး၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် A, B6, Cနဲ့ E တို့က ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။ အသီးအရွက်တွေကိုလဲ ဆား ဒါမှမဟုတ် ဗနီကာရည်နဲ့သေချာ စင်ကြယ်အောင်ဆေးကြောသင့်ပါတယ်။ ဟင်းချက်တဲ့အခါမှာလဲ ကောင်းမွန်တဲ့ဆီကို သုံးပြီးချက်ပြုတ်သင့်ပါတယ်။ Fast Foodတွေ Readymade Food တွေကို အတက်နိုင်ဆုံးရှောင်ရှားသင့်ပါတယ်။ ပြုပြင်ထားခြင်းမရှိတဲ့ အိမ်လုပ်အစားအစာတွေကို စားမယ်ဆိုရင်တော့ အကောင်းဆုံးပါဘဲ။ စည်သွပ်ဘူးတွေ၊ ကြက်အူချောင်း၊ ဝက်အူချောင်း အစရှိသဖြင့် ပြုပြင်ထားတဲ့အစားအသောက်တွေအစားလတ်လတ်ဆတ်ဆတ် အသီးအရွက်နဲ့ အသားငါးတွေကို ဦးစားပေး စားသုံးသင့်ပါတယ်။ လူတယောက်မှာ မနက်စာဟာလဲ အရေးကြီးတဲ့အခန်း ကဏ္ဍကနေ ပါဝင်နေပါတယ်။ အိပ်ခါထပြီး နာရီဝက်အတွင်းမှာ မနက်စာကိုသေသေချာချာဝလင်အောင် စားသင့်ပါတယ်။ ပရိုတင်းဓာတ်အဓိကပါဝင်တဲ့ ပဲ၊ ကြက်ဥ၊ ဘဲဥ စသည်တို့ကို အဓိကပါဝင်အောင်စားသင့်ပါတယ်။ နေ့လည်စာကိုတော့ အသီးအရွက်နဲ့ အသားငါးကို သင့်တင့်မျှတအောင်စားသင့်ပြီး ညနေစာကို အတတ်နိုင်ဆုံးမစားမိအောင်နေသင့်ပါတယ်။ အဆာပြေအနေနဲ့ သစ်သီးတွေ မြေပဲဆံ၊ သစ်ကြားသီး၊ဗန်ဒါစေ့တို့လို အစေ့အဆံတွေကို စားသင့်ပါတယ်။ ရေနွေးကြမ်းကိုလဲ တနေ့၂ခွက် ပုံမှန်သောက်ပေးသင့်ပါတယ်။ လက်ဖက်ခြောက်ဟာဆိုရင် ကိုယ်တွင်းက သကြားဓာတ်ကို လျော့ချပေးပြီး ဆာလောင်မှုကို ပယ်ဖျောက်ပေးပါတယ်။ သကြားဓာတ်ကိုအတတ်နိုင်ဆုံးလျော့ချမှသာ အရွယ်မတိုင်ခင် ဆီးချို သွေးချို သွေးတိုးဖြစ်ခြင်းကိုကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ နောက်အရေးကြီးတဲ့တခုက အရက်၊ ဘီယာနဲ့ ဆေးလိပ်သောက်ခြင်းကို လျော့ချသင့်တာဖြစ်ပါတယ်။ ကိုယ့်အရပ် ကိုယ့်ခန္ဓာကိုယ်တဲ့ သင့်တင့်လျောက်ပတ်တဲ့ အလေးချိန်ကိုလဲ ထိန်းသိမ်းထားသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်သင့်ပါတယ်။ Gym ကစားမှ ကိုယ်လက်လှုပ်ရှားမှုလုပ်တာမဟုတ်ပါဘူး လမ်းလျှောက်သွားလို့ရတဲ့ အကွာဝေးဆိုရင် လမ်းလျှောက်သွားပါ။ တတ်နိုင်သလောက် ဓာတ်လှေကားကို အသုံးမပြုဘဲ ခြေထောက်ကို အသုံးပြုပြီးတက်တာမျိုးကို လုပ်ပေးသင့်ပါတယ်။ အိပ်ချိန်ကိုလဲ သေချာသတ်မှတ်ပြီး အိပ်ရေး၀၀ အိပ်သင့်ပါတယ်။ ညအိပ်ချိန် ရုပ်ရှင်ကြည့် Social Mediaတွေ Internetတွေ အသုံးပြုတာထက် စာအုပ်ဖတ်ပြီး အိပ်တာက ပိုပြီး အဆင်ပြေတယ်လို့ ပြောပြပေးချင်ပါတယ်။ အိပ်ရေးဝမှ တနေ့တာလုပ်ငန်းဆောင်တာတွေကို စိတ်ကြည်ကြည်လင်လင်နဲ့ သေချာဆောင်ရွက်နိုင်မှာပါ။ နောက်အရေးကြီးတဲ့တခုကတော့ တစ်ကိုယ်ရေသန့်ရှင်းမှုကိုအလေးထားပြီးလုပ်ဆောင်သင့်ပါတယ်။ ရေပုံမှန်ချိုးတာမျိုး ခြေသည်းလက်သည်းပုံမှန်ညှပ်ခြင်းတွေ လက်ကိုမကြာခန ဆေးကြောပေးတာမျိုးတွေလို အခြေခံကျတဲ့ အချက်တွေကိုလဲ မမေ့မလျော့လုပ်သင့်ပါတယ်။ ဒီအချက်တွေကို သေချာလိုက်နာကျင့်သုံးမယ်ဆိုရင် ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်ရမှာ မလွဲဧကန်ပါဘဲရှင်

#Chelmo

Previous Article

ယောင်္ကျားတွေ လက်မလွှတ်နိုင်သော မိန်းကလေး

Next Article

နိုင်ငံပေါင်းစုံက စိတ်ဝင်စားစရာကောင်းတဲ့ ပွဲတော်များအကြောင်း

Share:

Related articles More from author

  • HotKnowledge

    Penthouse ဇာတ်ဝင်ခန်းတစ်ခန်းကြောင့်ကြည့်ရှူသူတင်မကဘဲ ရိုက်ကူးသူကို ထိတ်လန့်တုန်လှုပ်စေခဲ့ရကြောင်း ပြောလာတဲ့ Kim So Yeon

    September 25, 2021
    By Kyaw Hein
  • Knowledge

    ရှားစောင်းလက်ပတ်ရဲ့ အသုံးဝင်ပုံများ

    April 20, 2020
    By Kyaw Hein
  • HotKnowledge

    Blackpink’s Lisa နဲ့ GOT7’s BAMBAM တို့ရဲ့ ချစ်စရာ Friendship

    July 12, 2021
    By Kyaw Hein
  • KnowledgeLifestyle

    ပျော်ချင်ရင် လုပ်ကြည့်သင့်တဲ့အချက်လေးများ

    May 25, 2020
    By Kyaw Hein
  • ExclusiveKnowledge

    အောင်မြင်ဖို့ အတွက် လိုအပ်တဲ့ အချက် (၆) ချက်

    February 19, 2020
    By Kyaw Hein
  • HotKnowledge

    ဘယ်အချိန်ပဲပြန်ကြည့်ကြည့် ရိုးမသွားတဲ့ ကိုရီးယားကားများ

    May 5, 2020
    By Kyaw Hein

YOU MIGHT BE INTERESTED

  • Exclusive

    TXT’s Huening Kai ရဲ့ Sk8er Boi သီချင်းကို ပြန်လည်သီဆိုထားတဲ့အပေါ် သဘောကျနှစ်သက်ခဲ့တဲ့ Avril Lavigne

  • ExclusiveHot

    Jisoo လေးရဲ့ ကျန်းမာရေးကိုစိတ်ပူနေတဲ့ပရိတ်သတ်များအတွက် YG ကစိတ်မပူစေဖို့အတွက်ကြေညာချက်တစ်ခုထုတ်ပြန်

  • ExclusiveHot

    Covid 19 ကူးစက်ခံရလိုက်ရတဲ့ မင်းသမီးချောလေး “Kim Tae Ri”

Timeline

  • February 20, 2024

    Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

  • February 2, 2024

    Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

  • January 15, 2024

    TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

  • January 5, 2024

    New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

  • December 29, 2023

    2024 မှာ ကြည့်ရမယ့် Park Shin Hye နဲ့ Park Hyun Sik တို့ရဲ့ ရုပ်ရှင်ကားအသစ် “Doctor Slump”

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

    By Kyaw Hein
    February 2, 2024
  • TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

    By Kyaw Hein
    January 15, 2024
  • New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

    By Kyaw Hein
    January 5, 2024
  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By Kyaw Hein
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By Kyaw Hein
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By Kyaw Hein
    October 21, 2019

Follow us

Reach us

  • No.23, Room No. 1_08, Sky suites, Yanshin Rd, Yankin Tsp, Yangon.
  • +95-9-9543 55430
  • [email protected]
Copyright © 2019-2022 Chelmo.tips. All rights reserved.