၀၁.သူဟာသူအဆင်ပြေသွားမှာပါလို့ပြောနေသော သူဟာအလုပ်ကိုသေသေချာချာ လုပ်နေသောသူရဲ့စကားပါ။

၀၂.တခါတလေ သူများကပြောတဲ့စကားအချို့က ရင်ထဲမှာခံရခက်တတ်ပါတယ်။ဒါပင်မဲ့ အဲဒီစကားတွေဟာ မှန်နေတတ်ပါတယ်။

၀၃.အလုပ်များတယ်။အလုပ်များတယ်လို့ပြောနေတဲ့သူဟာ သူ့ကိုဂရုစိုက်စေချင်လို့ပါ။သူ့ကို ပြန်ပြောလိုက်ပါ။အချိန်ကို အသုံးချတာညံ့လို့ဖြစ်မှာပေါ့လို့။

၀၄.သင်ဟာ ဆုံးဖြတ်ချက်မချနိုင်တာမဟုတ်ပါ။ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာကို မသိသေးတာပါ။ကောင်းသောဘက်ကိုရွေးဖို့မလိုပါ။

ကိုယ်ကြိုက်သောဘက်ကို ရွေးရန်သာလိုပါတယ်။ အစမှာတော့ အမျိုးမျိုးအခက်အခဲတွေနဲ့ကြုံရမှာ အမှန်ပါ။အတွေ့အကြုံအပေါ်မူတည်ပြီး အကောင်းဆုံး ဆုံးဖြတ်ချက်ကိုရွေးချယ်လာနိုင်မှာပါ။

၀၅.ပြောင်းပြန်ပါ။ကိုယ်ကိုကိုယ် ပြင်ဖို့ဆိုတာဟာ တယောက်တည်းပြင်ဖို့မဖြစ်နိုင်ပါ။ကိုယ်နဲ့ပတ်သက်နေသောသူတွေဟာအများကြီးရှိပါတယ်။သူတို့ဆီ ကလည်း အကြံဥာဏ်ကောင်းတွေရမှာမလွဲပါ။

၀၆.မင်းရဲ့ရည်မှန်းချက်က မဖြစ်နိုင်ဘူးလို့ပြောသောသူကို ပြန်ပြောလိုက်ပါ။သူငယ်ချင်း မင်းကတော့ ဘာမှမလုပ်နိုင်လို့ပါ။ငါကတော့ မင်းနဲ့မတူဘူး။ငါ့ရဲ့ ရည်မှန်းချက်ကို မဖြစ်ဖြစ်အောင်လုပ်မှာပါ။ပြောပြီးရင်တော့ ဖြစ်အောင်လုပ်ဖို့ကတော့ သင့်မှာတာဝန်ရှိပါတယ်။

၀၇.ဟာ.. ပျင်းလိုက်တာကွာလုပ်စရာမရှိဘူး.. လို့ပြောနေသောသူဟာ လူဘိန်းစား။ လုပ်စရာတွေက အများကြီးပါ။ရှာလုပ်တတ်ဖို့ပဲ အရေးကြီးပါတယ်။

၀၈.ကိုယ့်ကိုကိုယ် အရမ်းမဆုံးဖြတ်လိုက်ပါနဲ့။ကိုယ်က လှတယ်။ကိုယ်က မလှဘူး။ကိုယ်က တော်တယ်။ ကိုယ်က မတော်ဘူး။ကိုယ်က စွံတယ် မစွံဘူး စသည်ဖြင့် ကိုယ်ဟာကို ထင်ချင်တာထင်ပြီး မတွေးနေပါနဲ့။ကိုယ့်ကိုကိုယ်သိဖို့ဆိုတာလိုပါသေးတယ်။အခုလုပ်ဖို့မလိုသေးပါ။

၀၉.နေရာသစ် အလုပ်သစ်မှာဆိုတော့ စိတ်ပင်ပန်းနေမှာပါ။အဆင်ပြေသွားမှာပါ။အခု စဉ်းစားလည်း ဘာမှဖြစ်လာမှာ မဟုတ်ပါ။ ဖြစ်လာမှသာလျှင် စဉ်းစားပြီး ဆုံးဖြတ်ပါ။သူ့သာသူ အဆင်ပြေသွားမှာပါ။

၁၀.မိန်းကလေးဆိုတာက တခါတလေဆိုရင် ချစ်တဲ့သူနဲ့အတူတူနေချင်တယ်။တခါတလေကျပြန်တော့လည်း သူနဲ့အတူမနေချင်ပါ။
အဲဒီလိုစိတ်သဘောသဘာဝရှိတဲ့မိန်းကလေးတွေ အတွက်ကတော့ တကိုယ်ကောင်းဆန်တဲ့ ယောင်္ကျားနဲ့တော့ အတူမနေနိုင်မှာ အမှန်ပါ။ အဲဒီလို သဘောသဘာဝကို နားလည်ပေးတဲ့သူသာလျှင် အဆင်ပြေမှာပါ။

၁၁.ပျော်ပျော်နဲ့ပြုံးပြုံးရွှင်ရွှင်နေပါ။ ထိုင်းထိုင်းမိုင်းမိုင်းနဲ့ ရှုံ့မဲ့နေရင် ဘယ်သူကချစ်မှာလဲ။

၁၂. ဘာဖြစ်ဖြစ် မကြောက်ဘူး မငိုဘူးဆိုတာ ကိုယ်ကိုကိုယ်တော်တယ်လို့မထင်ပါနဲ့။တကယ်လိုအပ်တာကတော့ ဘာပဲဖြစ်ဖြစ် လဲမကျပဲရှေ့ဆက်လျှောက်တတ်ဖို့ပါ။

၁၃.ယုံကြည်မူက အရေးအကြီးဆုံးပါ။ ယုံကြည်မူ မရှိတော့ရင် ဘာမှလုပ်လို့ရမှာမဟုတ်တော့ပါ။

၁၄.အားကြိုးမာန်တက်ကြိုးစားနေပင်မဲ့ မအောင်မြင်တာ ဘာကြောင့်ဖြစ်မှာလဲ။ကြိုးစားနေတဲ့နေရာမှာ မလိုအပ်တဲ့နေရာတွေရှိကောင်းရှိလိမ့်မယ်။ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ကြည့်ပါ။

၁၅.မင်းကို အမြဲကြည့်နေပါတယ်။ မင်းဘာလုပ်လုပ် အကုန်ကိုကြည့်နေတာပါ။ငါက မင်းပါပဲ။အမှားတွေကို မလုပ်မိစေအောင်ပါ။


Happiness Is To You
Chelmo Team
Ref. Iine Iine