ကျောင်းသွား၊ရုံးသွားသူတွေနဲ့ စည်ကားနေတဲ့ မနက်ခင်းအချိန်က ရုတ်တရက် ပြောင်းလဲသွားပါတယ်။

ဂျပန်နိုင်ငံ၊ ကာဝဆခီမြို့မှာ ကျောင်းကားကိုစောင့်နေတဲ့ကလေးတွေကို ရုတ်တရက် ဓါးနဲ့ဝင်ထိုးတဲ့အတွက် အခြေအနေတွေက ရှုပ်ထွေးနေပါတယ်။

ကလေးတွေကို ဝင်ပြီိးကယ်ပေးတဲ့ Matsumura Sanကတော့ ကလေးတွေကို ဝင်ရောက်ကူညီပေးခဲ့သူတဦးပါ။ သူပြန်ပြောပြတာကတော့ "ကျွန်တော်ကလေးတွေကို ဝင်ပြီးနှစ်သိမ့်ပေးခဲ့တယ်၊ လူနာတင်ယာဉ်အပေါ်ကို သယ်သွားတဲ့ကလေးတွေကိုတာဝန်ရှိသူတွေက အားပေးစကားပြောနေတာလည်းတွေ့ရတယ်" လို့ပြန်ပြောပြပါတယ်။

ကျောင်းကဆရာတွေကလည်း ကလေးတွေရဲ့ ပစ္စည်းတွေကို ကျောင်းကားထဲကို သယ်နေတာကို တွေ့ရပါတယ်။

မိခင်တစ်ယောက်ကတော့ သူ့ရဲ့သမီးဖြစ်သူလည်း ဒီကျောင်းကပါပဲလို့ပြောပါတယ်။ ကျွန်မလည်း လမ်းကူးဖို့စောင့်နေချိန်မှာ၊ အခြားမိဘတွေက ပြေး ပြေးလို့ လှမ်းအော်သံကိုကြားလိုက်ရတယ်။ ဒီလူက ဘာဖြစ်လို့ ကလေးတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ရသလဲဆိုတာကို ကျွန်မလည်း မစဉ်းစားတတ်တော့ပါဘူး။

ဖြစ်ဖြစ်ချင်းမှာပဲ၊ ကလေးတွေ အော်သံကိုကြားလိုက်ရချိန်မှာ၊ ရှေ့နားကဆိုင်မှာ ကလေး ၂ ယောက်၊ ၃ ယောက် လဲနေတာကိုတွေ့ရတယ်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ဒီကလေးတွေရဲ့ အသက်ကို ကယ်ဖို့ ကြိုးစားနေကြတယ်။ ဘာဖြစ်တာမှန်းမသိ၊ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်ကို မြင်လိုက်ရတဲ့ကလေးတွေမှာလည်း ထိုင်နေတဲ့သူက ထိုင်နေတာကို တွေ့ရပါတယ်။

တရားခံကတော့ ဓါးအသစ်၂ချောင်းကိုဝယ်လားပြီး ကျောင်းကားကိုစောင့်နေတဲ့ ကလေးတွေကို တစ်ယောက်ပြီိးတစ်ယောက် ဝင်ထိုးသွားပြီးနောက်ဆုံး ကိုယ့်လည်ပင်းကို ပြန်ထိုးကာ သတ်သေသွားခဲ့ပါတယ်။

ဒါကတော့ ဒီနေ့မနက် ဂျပန်နိုင်ငံတွင်းမှာ ဖြစ်သွားတဲ့ ကြောက်စရာကောင်းတဲ့ လူသတ်မှု တစ်ခုပါ။ ဘာမှအပြစ်မရှိတဲ့ ကလေးတွေကို ဘာဖြစ်လို့သတ်ရတာလည်းဆိုတာကို တွေးမိစရာပါ။ သေချင်သူတစ်ယောက်က ကိုယ့်အသက်ကို မနှမြှောပင်မယ့်လည်း အနာဂတ်အတွက် ရည်မှန်းချက်အပြည့်နဲ့ ကြိုးစားနေတဲ့ကလေးငယ်တွေရဲ့ အိမ်မက်တွေကို နှုတ်ယူသွားတဲ့သူကိုတော့ ထိုက်သင့်တဲ့အပြစ်ဒဏ်ကို နောင်ဘဝတွေမှာလည်း ပေးဆပ်ရမှာပါ။

#ChelmoTeam