ရန်ကုန်မြို့ရဲ့ နာမည်ကြီး မာလာရှမ်းကော ဆိုင်တွေထဲက ဘယ်နှဆိုင် စားပြီးပြီလဲ ?

(၁)  Mala Wok

          မာလာရှမ်းကောကြိုက်တဲ့သူတိုင်း စားကြည့်သင့်တဲ့ဆိုင်ပါ။ အစပ်အထုံ ကလည်း အနေတော်ပဲ။ အသား၊အရွက်တွေကလည်း လတ်ဆတ်တယ်။ Gram နဲ့လည်းရတယ်။ Set နဲ့လည်းရတယ်။ Gram နဲ့ယူရင်လည်း ၁၀၀၀၀ကျော်လောက်ဆို ၃ယောက်လောက် စားလို့ရပါတယ်။ Single Set ဆိုရင်လည်း

၃၅၀၀ပဲပေးရတဲ့အတွက် ဈေးချိုပြီး ပေးရတဲ့ဈေးထက် အရသာပိုကောင်းတဲ့ဆိုင်ပါ။ 

နေရာ - ၁။ Myanmar Culture Valley ၂။ ရေကျော်လမ်းမ။

 

 

(၂) Spice Up

          ဒီဆိုင်မှာတော့ Gram နဲ့စားတာထက် Set နဲ့စားရတာ ပိုတန်သလိုခံစားရပါတယ်။ Single Set ကို ၅၇၀၀ပေးရပေမယ့် ထမင်းနဲ့ဆို လူနှစ်ယောက်စားလို့ရတဲ့ ပမာဏလောက် ပါပါတယ်။

မာလာရှမ်းကော အပြင်အခြားအစားအစာတွေလည်းရပါတယ်။

နေရာ - ၁။ သတိပဌာန်လမ်း ကျောက်မြောင်း ၂။ ပါရီမီလမ်း တောင်ဥက္ကလာ။

 

 

(၃) Hello Xiang Guo

          Service ကောင်းပြီး ဈေးအသင့်အတင့်ပါပဲ။ အထုံအရမ်းမကြိုက်တဲ့သူတွေ ရွှေးချယ်သင့်တဲ့ဆိုင်ပါ။ Gram နဲ့ရော Set နဲ့ရောရတယ်။ Gram နဲ့က တစ်သောင်းဖိုးမပြည့်ရင် မာလာရှမ်းကောအနှစ်ဖိုး

ထပ်ပေးရတယ်။ Set နဲ့ဆိုရင်တော့ပေးစရာမလိုပါဘူး။ Game ဆော့လို့ပစ္စည်းတွေရှိတဲ့အတွက်

သူငယ်ချင်းတွေစုပြီးသွားစားမယ်ဆိုရင် ပျော်စရာကောင်းမှာပါ။

နေရာ - ၁။ မော်တင်အောက်ဘလောက်၊လမ်းသစ်လမ်း။

 

 

(၄) Shwe Spicy

          သူငယ်ချင်းတွေ စုပြီးအ၀စားမယ်ဆိုရင်တောင် တစ်ယောက်ကို ၅၀၀၀ ၀န်းကျင်ပဲကျနိုင်မယ့်

ဆိုင်ပါ။ဈေးတန်ပြီး အရမ်းစားကောင်းပါတယ်။ စမ်းချောင်းနဲ့ ရေကျော်က ဆိုင်ခွဲတွေမှာ Drink Free Flow မရပေမယ့်

တာမွေ ocean မှာတော့ရပါတယ်။ Medium Level ဆိုရင်တောင် အရမ်းစပ်နေပြီမလို့ အစပ်မစားနိုင်ဘူးဆိုရင် လျော့ပြီးချက်ခိုင်းလို့ရပါတယ်။

နေရာ - ၁။ စမ်းချောင်လမ်း Shwe Apple ဘေး ၂။တာမွေ Ocean ၃။ရေကျော် သံလမ်းနား။

 

 

(၅) Number One Spicy        

          ဒီဆိုင်မှာက ခေါက်ဆွဲကို ရိုးရိုးအရသာအပြင် ပိန်းဥနဲ့အာလူးအရသာတွေနဲ့ပါ စားလို့ရတယ်။

အကင်လည်းရတယ်။ အသားနဲ့အရွှက် အမျိုးအစားလည်း တခြားဆိုင်တွေထက်ပိုစုံတယ်။

အရသာက နည်းနည်းပိုထုံလို့ အထုံမကြိုက်ရင် လျော့ထည့်ခိုင်းဖို့ သတိပေးချင်ပါတယ်။

နေရာ - ၁။ ဘုန်းကြီးလမ်း လမ်းမတော် ၂။ စမ်းချောင်းလမ်း။

 

 

(၆) Organic Spicy

          ဒီဆိုင်ကတော့ စမ်းချောင်းထဲမှာ နာမည်အကြီဆုံးဆိုင်လို့ပြောလို့ရတယ်။ နှစ်ယောက်လောက်စားမယ်ဆိုရင် ၁၀၀၀၀ ၀န်းကျင်လောက်ကျတယ်။

အခြားဆိုင်တွေထက် အထုံအစပ် နည်းနည်း လျော့တယ်လို့ခံစားရတယ်။

သူရဲ့ထူးခြားချက်က မြေပဲအစား ပဲကြော်သေးသေးလေးတွေ ထည့်ပေးတယ်။ဆိုင်က နှစ်ထပ်ဆိုတော့ လူများများသွားရင်လည်း အဆင်ပြေတယ်။

နေရာ -၁။ စမ်းချောင်းလမ်း ၂။ တော်ဝင်စင်တာ။

 

 

(၇) Home

          Home မှာကတော့ အသီးအရွက်တွေ အသားတွေကို အိတ်လေးတွေနဲ့သေချာထုပ်ထားပြီးသားပါ။ အခုနောက်ပိုင်း လှည်းတန်းမှာ နာမည်အရမ်းကြီးပြီး အရသာ ကောင်းတဲ့ဆိုင်ပါ။ စားဖူးတဲ့သူတိုင်း ထပ်စားချင်တယ်လို့ပြောလို့ရပါတယ်။ လူများတဲ့အတွက် ကြိုတင်ဖုန်းဆက်ပြီး Booking လုပ်ထားပါလို့

သတိပေးချင်ပါတယ်။

 နေရာ - ၁။ လှည်းတန်း၊ ဇေယျာသီရိလမ်း။

 

 

(၈) Wa Tote Gyi

          Gram နဲ့ရော Set နဲ့ရောရတယ်။ ဒါပေမယ့် Single/Couple set တွေကပိုတန်တယ်။ Couple Set မှာဆို ကိုယ့်ကြိုက်တဲ့အသားနဲ့ယူလို့ရတယ်။ အအေး ပါထပ်ယူမှ ၈၀၀၀ ၀န်းကျင်ပဲကျတယ်။

အရသာကလည်း အနေတော်ပါပဲ။

နေရာ - ၁။ မြေနီကုန်း Dangon Center 1 ရှေ့  Ice Berry ဘေးက လမ်းကြား။

 

 

(၉)  Jo Jo Hot Pot

          ဆိုင်နာမည်အတိုင်း Hot pot အပြင် မာလာရှမ်းကာ လည်းစားလို့ရတာပါ။

Gram နဲ့လည်းရပါတယ်။ Set နဲ့ဆို ၇၉၀၀ ကျပါတယ်။ Drinks Free Flow ပါ။

set ထဲကို ထပ်ထည့်ပြီးစားလည်းရပါတယ်။အရသာကတော့ ပုံမှန်ပါပဲ။

နေရာ ​- ၁။ Junction City ၂။ သာကေတ Capital

 

 

(၁၀)  Chilli  Pot

          Spicy House ပြီးရင်ဈေးအကြီးဆုံးဆိုင်လို့ပြောလို့ရပါတယ်။ အရသာကတော့

တကယ်စားကောင်း ပါတယ်။ နှစ်ယောက်စားရင် ၁၅၀၀၀ ၀န်းကျင်လောက်ကျပါတယ်။

ပင်လယ်စာလည်းအစုံရပါတယ်။

နေရာ - ၁။ န၀ဒေးလမ်း ဒဂုံ (၁) နား ၂။ Junction Square ၃။ စံရိပ်ငြိမ်ဂမုန်းပွင့်