တောင်ကိုရီးယားနိုင်ငံရဲ့ SBS ရုပ်သလိုင်းကနေ ထုတ်လွှင့်ပြသနသော နာမည်ကြီး TV Show အစီအစဉ်ဖြစ်တဲ့ “ Law Of The Jungle” ဟာ သူတို့ထုတ်လွှင့်မယ့် Season အသစ်အတွက် မြန်မာနိုင်ငံ မှာ လာရောက်ရိုက်ကူးမှာဖြစ်ပြီး

ဇွန်လ(၉)ရက်နေ့မှာ တောင်ကိုရိးယားမှ စတင်ထွက်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။ Law Of The Jungle အစီအစဉ်ဟာ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဝေးလံပြီးလမ်းခရီးကြမ်းတမ်းတဲ့နေရာတွေမှာ ရိုက်ကူးတဲ့ Reality Documentary ဖြစ်ပါတယ်။ အစီအစဉ် ရိုက်ကူးမယ့် ပထမပိုင်း ကတော့ “ Law of The Jungle in Myanmar” ဖြစ်ပြီး ဒုတိယအပိုင်းကတော့ “ Law of The Jungle in Myeik” လို့ အမည်ပေးထားပါတယ်။

ခေါင်းစဉ်ကိုကြည့်ခြင်းအားဖြင့် မြိတ်ကျွန်းစုတွေအပြင် မြန်မာနိုင်ငံရဲ့ အခြားဒေသတွေမှာပါ ရိုက်ကူးသွားမယ်လို့ ခန့်မှန်းရပါတယ်။ အဲ့ဒါအပြင် “Hot Body” နဲ့ “Scene Stealer” ဆိုပြီးတော့ အဖွဲ့နှစ်ဖွဲ့ ခွဲထားပါသေးတယ်။ 

Hot Boy အဖွဲ့မှာတော့ Kpop Idol တွေဖြစ်တဲ့ Sean၊ Kard အဖွဲ့ဝင် BM ၊ Pentagon အဖွဲ့ဝင် Hong Seok ၊ မင်းသမီး Hong Soo Ah ၊ Nature အဖွဲ့ဝင် Saebom တို့အပြင် UFC fighter Kim Dong Hyun ၊ ဘောလီဘော ကစားသမား Moon Sung Min နဲ့ ဟာသမင်းသား Noh Woo Jin တို့ပါဝင်ပြီး Scene Stealer အဖွဲ့မှာတော့ Law of The Jungle အဖွဲ့ဝင်များဖြစ်တဲ့ Oh Dae Hwan ၊ Park Jung Chul ၊ Go Young Bin ၊ Ahn Chang Hwan ၊ Astro အဖွဲ့ဝင် Sanha ၊ Han Bo Reum နဲ့ (G)I-DLE အဖွဲ့ဝင် Yuqi တို့ဖြစ်ပါတယ်။ ဒီသတင်းကိုကြားပြီး မြန်မာနိုင်ငံက ပရိသတ်တွေကလည်း ၀မ်းသာစွာစောင့်မျှော်   နေကြပါတယ်။

Kard အဖွဲ့က BM

Pentagon အဖွဲ့က Hong Seok

Astro အဖွဲ့က Sanha

Nature အဖွဲ့က  Saebom

G(I)-DLE အဖွဲ့က Yugi

Season အသစ်ကို ဇူလိုင်လ အလယ်လောက်မှာ စတင်ပြသမယ်လို့ သိရပါတယ်။ Survival Showလို့   ပြောလို့ရတဲ့အတွက် တော်ရုံအပင်ပန်းမခံနိုင်တဲ့ celebrity တွေလာလေ့မရှိပါဘူး။

မြန်မာနိုင်ငံကိုလာရင်တော့ Yangon လေဆိပ်ကိုအရင်လာရမှာဖြစ်တဲ့အတွက် ကိုယ့် idol ကိုသွားကြိုချင်ရင်လည်းရတယ်နော်။ 

Source: All-Kpop